ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူစုစုပေါင်း (၉၇၀) ဦးရှိပြီး ၂၀၁၇ - ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့ အောင်စာရင်းကြေညာချက်အရ အောင်မြင်သူ (၂၆၄) ဦးရှိသည့်အနက် (၄) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၂၅) ဦး၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၂၇.၂၂ % ) ရရှိပါသည်။
ဟိုပုံးမြို့နယ်တွင် အထက ကျောင်း (၈) ကျောင်းရှိသည့်အနက် အထက (ကျောက်တန်းကျောင်း) တွင် အောင်ချက်ရာခိုင်နှုန်းသည် (၄၅.၄၅%) ရရှိကာ အောင်ချက်အကောင်းဆုံးရရှိကြောင်းသိရပါသည်။ ဟိုပုံးမြို့နယ်တွင်၂၀၁၅-၂၀၁၆ ပညာသင်နှစ် အောင်ချက်ရာခိုင်နှုန်းသည် (၂၀.၁၆%) ရရှိထားပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အောင်ချက်ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ဟိုပုံးမြို့နယ် အောင်ချက်ရာခိုင်နှုန်းသည် (၇.၆%) တိုးတက်လာကြောင်းသိရပါသည်။
မျင်းမိုရ်ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS