Tuesday, June 27, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပိုင် မြေကွက်အား သီလရှင်ဒေါ်ပဒုမ္မာစာရီ အမှူးထားသော ပအိုဝ်းသီလရှင်အဖွဲ့သို့ ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်



တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စမ်းသီတာကွက်တွင်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပိုင် မြေကွက်အား တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်(ဂနိုင်ရေး) သီလရှင်ဒေါ်ပဒုမ္မာစာရီအမှူးထားသော ပအိုဝ်းသီလရှင်အဖွဲ့သို့ ၂၀၁၇- ခုနှစ်၊ ဇွန်လ(၂၆)ရက် တနင်္လာနေ့ ညနေ(၆း၀၀)အချိန်တွင် မြေကွက်လှူဒါန်းခြင်း စာချုပ်နှင့် မြေကွက်ဂရန်များ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြေကွက်လှူးဒါန်းရခြင်း၏ အကြောင်းရင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်မှ ရှင်းလင်းတင်ပြပေးခဲ့ရာ “၁၉၉၁-ခုနှစ်၊ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် နိုင်ငံတော်အစိုးရမှ တရားဝင်ချမတ်ပေးသည့် မြေကွက်များအား အေးသာယာမြို့၊ စမ်းသီတာကွက်ရှိ မြေနေရာများကို ပအိုဝ်းမျိုးသားတပ်မတော်ငြိမ်းချမ်းရေးအဖွဲ့က လျှောက်ထားချက်အရ ရှမ်းပြည်နယ်၊ အင်းစာရင်းရုံး ဗဟိုကော်မတီထံမှ (၁၁-၆-၁၉၉၁)ရက်နေ့တွင် ငွေပေးသွင်းခဲ့ပြီး မြေဧက(၀.၂၁၉)ဧက ပေပေါင်းအားဖြင့် (၉၅၄၀)ပေ အလျားအနံအားဖြင့် ပေ(၈၀-၄၀) ၄-ကွက်ရှိ မြေကွက်များကို ရရှိခဲ့ကြောင်း၊ ထိုမြေကွက်များကို (ဗဟို)ဌာနချုပ်ရုံး မတည်ဆောက်ပဲ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီထံမှ  သြ၀ါဒခံယူကာ ပဒုမ္မာစာရီသီလရှင်စာသင်တိုက်တွင် ပေးအပ်လှူဒါန်းခဲ့ရကြောင်း” ပြောကြားသည်။

အဲဒီနောက် မြေကွက်လှူဒါန်းခြင်းစာချုပ်နှင့် မြေဂရန်များအား (PNA)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ ဗိုလ်မှူးခွန်အောင်သန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ် တို့မှ ပဒုမ္မာစာရီသီလရှင်စာသင်တိုက် ဒေါ်ပဒုမ္မာစာရီထံမှ လွှဲပြောင်းလှူဒါန်းပေးခဲ့ပြီး ထိုမြေလှူဒါန်းခြင်းအပေါ် ဒေါ်ပဒုမ္မာစာရီမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အခမ်အနားသို့ တက်ရောက်လာကြသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး တာဝန်ရှိသူများနှင့် (PNA)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တာဝန်ရှိပုဂ္ဂိုလ်များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၊ ဇ၀နာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒ ထံမှ ငါးပါးသီလခံယူကာ ရေစက်ချတရားတော်နာယူခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို
Powered by Blogger.