Monday, June 26, 2017

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆) ရက်










တောင်ကြီးမြို့၊ မြို့တော်ခန်းမအတွင်း နှစ်(၃၀)မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ နံနက်(၈း၀၀)နာရီ ပထမပိုင်းတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပပြီး၊ ဒုတိယပိုင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးပြခန်းများဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်း စေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ/ ကျောင်းသားများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများကိုချီးမြှင့် ပေးခဲ့ပြီးနောက် မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးပြခန်းများကို လိုက်လံကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ တတိယပိုင်း အခမ်းအနားကို အဝေရာမီးပုံးပျံကွင်းတွင် မီးရှို့ဖျက်ဆီးပွဲခမ်းအနား ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားကာ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်မှ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပြီးနောက်-၂၀၁၇-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ၏ ပမာဏတန်ဖိုး စုစုပေါင်းကျပ်သိန်း(၁၉၅၃၃၉၄.၂၁၁၃)၊ စုစုပေါင်း တန်ဖိုးကျပ်သန်း(၁၉၅၃၃၉.၄၂၁၁၃)၊  စုစုပေါင်းတန်ဖိုး ဒေါ်လာသန်း(၁၄၃.၆၃၁၉၂)သန်းတို့ကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ဦးမဟာဂျာ(SSS) ဌာနေပြည်သူ့စစ်များ၊ ဦးခွန်ထွန်းလူနှင့် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ PNA-အသွင်းပြောင်းပြည်သူစစ် (ဌာနေ) ကိုယ်စားလှယ်များ၊ RCSS/ SSA ကိုယ်စားလှယ် များက  ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အခမ်းအနားတွင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ(၅၀၀) ကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.