Friday, June 30, 2017

ၾသစေတးလ် နိုင်ငံရေးသိပံ္ပကျောင်းသားအဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁) ရက်





သြစတေးလျမှ Gerard McCarthy ဦးဆောင်သော နိုင်ငံရေးသိပ္ပံကျောင်းသားအဖွဲ့က ၂၀၁၇ခုနှစ်၊ ဇွန်လ(၃၀)ရက်၊ သောကြာနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်သော အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျောင်းဝင်း၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ခွန်ကြည်တို့နှင့် ရုံးရှိဌာနဆိုင်ရာလူငယ်များကို လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သြစတေးလျ နိုင်ငံရေးသိပံ္ပကျောင်းသားအဖွဲ့(ANU)က မိမိတို့ သိလိုသော ပအိုဝ်းလူမျိုးသမိုင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) သမိုင်း၊ PNO၏ နိုင်ငံရေးမျှော်မှန်းချက်၊ စီးပွားရေး၊ PNO၏ ရပ်တည်ချက်၊ ကျား/မရေးရာ အခန်းကဏ္ဍ၊ လူငယ်အခန်းကဏ္ဍ၊ ဖက်ဒရယ်လမ်းကြောင်းပေါ် PNO၏ ချည်းကပ်နည်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ NCA အပေါ် PNO၏ သဘောထားများကို သိလိုမေးမြန်းခဲ့ပါသည်။

၎င်းမေးမြန်းချက်များအပေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှူး ခွန်ကြည်တို့က အကျယ်တ၀င့် ရှင်းလင်းဖြေကြားခဲ့ပြီး၊ PNOရုံးရှိ ဌာနဆိုင်ရာ လူငယ်များကလည်း မိမိတို့ သိလိုသော သြစတေးလျ နိုင်ငံ၏ ဖက်ဒရယ်စနစ်ကျင့်သုံးပုံ၊ လူနည်းစု အခွင့်အရေး၊ ဖက်ဒရယ်စနစ်၏ အားသာချက်၊ အားနည်းချက်များ၊ အာဏာခွဲဝေကျင့်သုံးပုံများကို ပြန်လှန်မေးမြန်းကာ Australian National University(ANU) အဖွဲ့သားများက မိမိတို့နိုင်ငံကျင့်သုံးနေသော ဖက်ဒရယ်စနစ်အကြောင်းကို ပြန်လည်မျှဝေခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် လွှတ်တော်ရေးရာဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ပြန်ကြားရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ စည်းရုံးရေးဌာနတို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ထို(ANU)အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် အခြားသော လီဆူပါတီကိုပါ မေးမြန်းရန် စိတ်ဝင်စားကြောင်း သိရသည်။

နဂါ့ခွန်


Powered by Blogger.