Friday, July 21, 2017

အခြေခံစာရင်းကိုင်သင်ရိုးညွန်းတမ်းပြုစုနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်




၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ သောကြာနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနတွင် အခြေခံစာရင်းကိုင်သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကိုဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ “မကြာမီလာမည့်အချိန်ကာလတွင် ပအိုဝ်းလူမျိုးများနေထိုင်သည့် ဒေသတိုင်းတွင် အခြေခံစာရင်းကိုင်သင်တန်းကို ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံစာရင်းကိုင်သင်တန်းသင်ရိုးညွန်းတမ်းတစ်ခုကို ပြုစုနိုင်ရန်ရည်ရွယ်ပြီး သင်တန်းနည်းပြများ အချင်းချင်းနှီးနှောတိုင်ပင် ဆွေးနွေးကာဖွင့်လှစ်ခြင်းဖြစ်ကြောင်း” သင်တန်းဖြစ်မြှောက်ရေး တာဝန်ခံ ခွန်ရဲအောင်မှ ပြောကြားခဲ့ပါသည်။

ထို့အတူပင် “ယခုလိုသင်တန်းမျိုးသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော ပအိုဝ်းလူမျိုးများအတွက်သာမက၊ အိမ်ဆိုင်ဖွင့်လှစ်ကြသည့်ပအိုဝ်းများအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်၍ မိမိတို့အနေဖြင့် ယခုသင်တန်းမှအချက်အလက်များကိုအခြေခံ၍ သင်ရိုးညွန်းတမ်းတစ်ခုပြုစုကာ ကျေးရွာလူထုများအား မိမိတို့ဆက်လက် သင်ပြပေးသွားမည်ဖြစ်ကြောင်း” အဆိုပါသင်တန်းကို တက်ရောက်လာသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်မောင်ကျော်က ပြောကြားသွားပါသည်။

အဆိုပါသင်တန်းကို သင်ရိုးညွန်းတမ်းပြုစုပြီးမကြာမီကာလတွင် သင်ကြားလိုသည့် မည်သည့် ဒေသတွင်မဆို အချိန်မရွေးသွားရောက်သင်ကြား ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.