Monday, July 17, 2017

ဟိုပုံးမြို့တွင် တရားဥပဒေစိုးမိုးရေးသင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းတွင် ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) နှင့် International Development Law Organization (IDLO) တိှု့ ပူးပေါင်းဖွင့်လှစ်ပြီး တရားဥပဒေ စိုးမိုးရေးသင်တန်းကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်(၉း၀၀) နာရီတွင် ဖွင့်လှစ်ကြောင်းသိရသည်။

ယခုသင်တန်းသည် ပြည်သူလူထုအတွက် ဒေသအတွင်းရှိ တရာမျှတမှုနှင့်ရင်ဆိုင်နေရသည့် ပြဿနာများကို သိရှိနိုင်ရန်၊ အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုများနှင့် တန်းဖိုးထားမှုများကို ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်သည်။

ထိုသင်တန်းကို ဇူလိုင်လ (၁၇)ရက်မှ (၁၈) ရက်နေ့ (၂) ရက်တိုင်တိုင် သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကို ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ (၃၀) ကျော်တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို တရားဥပဒေစိုးမိုးရေး အခြေခံသဘောတရားများ၊ တန်းတူညီမျှမှုနှင့် အငြင်းပွားမှုများကို အခြား နည်းဖြင့်ဖြေရှင်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ စသည့်ခေါင်းစဉ်များဖြင့် အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်းခွန်

Powered by Blogger.