Tuesday, August 8, 2017

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ကျန်းမာရေးကူညီမှုအသင်းနှင့် ရှမ်း/တောင်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ပထမအကြိမ် ကြက်ခြေနီနှင့်ရှေးဦးသူနာပြုသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၉) ရက်



တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း)တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို)မှ ကျန်းမာရေးကူညီမှုအသင်းနှင့် ရှမ်း/တောင်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ပထမအကြိမ် ကြက်ခြေနီ နှင့် ရှေးဦးသူနာပြုသင်တန်းကို ၂၀၁၇၊ သြဂုတ်(၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤသင်တန်းမှာ သြဂုတ်(၉)ရက်မှ (၁၈)ရက်ထိ ဖြစ်ပြီး တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ကျောက်တလုံး၊ ပင်လုံမြို့နယ်များမှ သင်တန်းသား/သူ(၇၂)ဦး တက်ရောက်ပြီး ပအိုဝ်းတိုင်းရင်းဆေးဆရာများနှင့် ရှမ်း/တောင်ကြက်ခြေနီအဖွဲ့မှ ဆရာ/ဆရာမများ သင်ကြားပေးသွားမည်ဟု သိရသည်။

သဘာဝဘေးဒဏ်များဖြစ်ပေါ်လာလျှင် ကူညီပံ့ပိုးနိုင်အောင်၊ ဆေးရုံ ဆေးခန်းများနှင့် ကွာဝေးသည့် ကျေးရွာများနှင့် ရိုးရာပွဲများ၊ ဘောလုံးပွဲများစသည့် ပွဲများတွင် လိုအပ်သည့် ကျန်းမာရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်နိုင်အောင် ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် နှစ်စဉ် နှစ်တိုင်း ဤလိုသင်တန်းများဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ နောက်များတွင် ပိုမိုအဆင့်မြှင့်သည့် သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဒုဥက္ကဋ္ဌ ဖြားခွန်မင်းကျော်မှ ပြောကြားခဲ့ပါသည်။

ခွန်ဓဇ

Powered by Blogger.