Wednesday, August 16, 2017

(၂၅) နှစ်မြောက် တောင်ကြီးတက္ကသိုလ် ငွေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်





တောင်ကြီးတက္ကသိုလ်  (၂၅) နှစ်မြောက် ငွေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို သြဂုတ် (၁၆) ရက် ၊  တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်တွင် ကျင်းပကြောင်းသိရသည်။

" တောင်ကြီးတက္ကသိုလ် တက္ကသိုလ် (၂၅) နှစ်မြောက်  သြဂုတ်လ (၁၇) ရက်နေ့သည် တက္ကသိုလ်နှစ်ပတ်လည်နေ့ဖြစ်သည့်အတွက် (၁၆) ရက်နေ့သည် ဈေးရောင်းပွဲတော်ကို အမြဲကျင်းပခြင်းဖြစ်သည်။ ဈေးရောင်းပွဲတော်သည် မေဂျာပေါင်းစုံ (၁၄) ခုရှိပြီး တိုင်းရင်းသားအနေဖြင့် ပအိုဝ်းတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ အင်းတိုင်းရင်းသားများကလည်း ပါဝင်ရောင်းချတာကိုတွေ့ရသည်။ ဒီဈေးရောင်းပွဲတော်မှာဆိုရင် အစားအသောက်မျိုးစုံ ရောင်းချတာတွေ့ရပါသည်။ယနေ့သည် ဈေးရောင်းပွဲတော်ကို ကျင်းပပြီး  သြဂုတ် (၁၇ - ၁၈) ရက်တွင် သုတေသနစာတမ်းဖတ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှာရှိသည့် တက္ကသိုလ်အသီးသီးများဖိတ်ခေါ်ပေးပြီး ဘာသာရပ်အသီးသီးကနေ ဆရာ/မ များဖတ်ကြားပေးမည်ဖြစ်ကြောင်း " ဒေါက်တာမေပယင်းချိန် ( ပါမောက္ခဌာနမှူး၊ ဒဿနိကဗေဒဌာန၊ တောင်ကြီးတက္ကသိုလ်) မှ ပြောကြားကြောင်းသိရသည်။ အဆိုပါဈေးရောင်းပွဲတော်သည် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.