Wednesday, August 23, 2017

မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းအသိပေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်






တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို  သြဂုတ်လ(၂၃) ရက်၊ နံနက်(၉း၀၀)နာရီတွင် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေးစစ်တမ်း အသိပေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ကြောင်းသိရသည်။

အဆိုပါပြုလုပ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ စစ်တမ်းအကြောင်းရှင်းလင်းပြောကြားရာ “ ကျွန်တော်တို့နိုင်ငံဟာ အာဟာရချို့တဲ့ခြင်းနှင့် အာဟာရလွန်ကဲးခြင်းပြဿနာတွေကို ထိရောက်စွာကာကွယ်ကုသနိုင်မယ့်  စီမံချက်တွေကို မွမ်းမံပြင်ဆင်ရေးဆွဲနိုင်ဖို့၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေခြင်းအားဖြင့် ပြည်သူလူထုရဲ့အာဟာရအခြေအနေကို ထိရောက်စွာမြှင့်တင်နိုင်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့ အကျိုးသက်ရောက်မှုကို  ဆန်းစစ်သုံးသပ်နိုင်ဖို့နှင့် ပြည်သူလူထု၏ အာဟာရအခြေအနေ အစာစားသုံးမှုအခြေအနေတွေကို သိရှိနိုင်ဖို့ စသည့်ရည်ရွယ်ချက်များနှင့် Myanmar Micronutrient and Food Consumption Survey လို့ခေါ်တဲ့မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေးစစ်တမ်းကောက်ယူဖို့ကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြတယ်လို့ “ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လှုမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆေးရုံအုပ်ကြီးများ၊ အထုကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေးစစ်တမ်း ပြည်နယ်သုတေသနဦးဆောင်သော ကော်မတီဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပြည်တွင်းပြည်ပလှုမှုရေးအသင်းအဖွဲ့များ နှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြောင်းသိရသည်။

ခွန်ယံသေ
Powered by Blogger.