Thursday, August 31, 2017

တောင်ကြီးမြို့နယ်၊ ပေါမူကျေးရွာတွင် အခမဲ့နည်းပညာဆင့်ပွားသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်



နည်းပညာသင်တန်းဆင့်ပွားဖွင့်လှစ်ရခြင်းဖြင့် ခေတ်နှင့်အညီ နည်းပညာများကို နားလည်လာစေရန်၊ အင်တာနက်လှုမှုကွန်ယက်စာမျက်နှာများကို အကျိုးရှိရှိအသုံးပြုနိုင်ရန်၊ စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်လျှင် အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် အခမဲ့နည်းပညာသင်တန်းဆင့်ပွားကို သြဂုတ် (၁၇) ရက်နေ့မှ သြဂုတ်(၃၀) ရက်နေ့အထိ တောင်ကြီးမြို့နယ်၊ ပေါမူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် E- Mail အသုံးပြုပုံနည်းလမ်းများ၊ Facebook ကောင်းကျိုး/ဆိုးကျိုးနှင့် အသုံးပြုပုံများ၊ Software အသုံးပြုပုံများကို သင်ကြားပို့ချပေးပြီး သင်တန်းသူ/သားများ (၁၁) ဦးရှိကာ သင်တန်းနည်းပြ ဆရာခွန်ဆန်းအောင် က ဦးဆောင်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

" ယခုလိုမျိုးသင်တန်းတက်ရောက်ခြင်းဖြင့် အင်တာနက်လှုမှုကွန်ယက်စာမျက်နှာသတင်းများကို အတုအစစ်ခွဲခြားတတ်လာသည်သာမက အလုပ်အကိုင်နဲ့ပတ်သက်ပြီး အင်တာနက်လှုမှုကွန်ယက် စာမျက်နှာမှာ ဘယ်လိုချိတ်ဆက်ရသည်ကို သိရှိလာလို့ ဒီလိုမျိုးသင်တန်းကို အင်တာနက်သုံးနေသည့် ပအိုဝ်းဒေသတွင် ဖွင့်လှစ်ပေးရန်လိုအပ်ပြီး အင်တာနက်သုံးနေတဲ့ပုဂ္ဂိုလ်တွေလည်း စိတ်ဝင်စားစွာတက်ကြ ဖို့လိုအပ်ကြောင်း " သင်တန်းတက်ရောက်သူ ခွန်စံတင်က ပြောကြားခဲ့ပါသည်။

"ယခုခေတ်ယနေ့အချိန်အခါသည် Facebook အသုံးပြုတဲ့သူများပြားနေပြီး အင်တာနက်လှုမှုကွန်ယက်စာ မျက်နှာပေါ်မှာ နည်းပညာအသစ်အဆန်းတွေအများကြီးရှိတယ်ဆိုတာ အင်တာနက်အသုံးပြုသည့် သူသိရှိဖို့လိုသလို Facebook သုံးနေတဲ့သူကိုယ်တိုင်ကိုလည်း ကောင်းကျိုး/ဆိုးကျိုးရှိတယ်ဆိုတာ သိဖို့လိုကြောင်း" သင်တန်းနည်းပြ ဆရာခွန်ဆန်းအောင်က ပြောကြားကြောင်းသိရသည်။

မျင်းမိုရ်းခွန်
Powered by Blogger.