Wednesday, August 30, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တီးလုံကျေးရွာအုပ်စု၊ ဆိုင်ခေါင်ကျေးရွာတွင် အခြေခံအာဟာရဖွံ့ဖြိုးမှုသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စု၊ ဆိုင်ခေါင်ဘုန်းတော်ကြီးကျောင်း တွင် AVSI နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ပူးပေါင်း၍ ၂၀၁၇ - ခုနှစ်၊သြဂုတ်လ (၂၉)ရက်မှ (၃၀)ရက်နေ့ အထိ အခြေခံအာဟာရဖွံ့ဖြိုးမှု(၂)ရက်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါသင်တန်း တွင်
ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ သင်တန်းနည်းပြများဖြစ်သည့် ခွန်သောင်းဖေ၊ ခွန်စောထီး၊ ခွန်ထွန်းလွင်၊ နန်းခမ်းဗဲ့၊ နန်းခမ်းရွီး နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ သင်တန်းနည်းပြများဖြစ်သည့် ခွန်သိန်းစိုးနှင့် နန်းခင်နွဲ့တို့က ပါဝင်ဆွေးနွေးခဲ့ပြီး သင်တန်းတွင် ဆိုက်ခေါင်ကျေးရွာမှ အိမ်ထောင်ရှင်အမျိုးသမီးများ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။

(၁) အာဟာရချို့တဲ့ခြင်း အမျိုးအစားများကို ခွဲခြားနားလည်သွားစေရန်၊ (၂) အစာအုပ်စုသုံးစုနှင့် အုပ်စုတစ်ခုချင်းစီအတွက် ပါဝင်သောအစားအစာများကိုသိရှိနားလည်စေရန်၊ (၃) မိခင်အတွက် မိခင် အာဟာရနှင့် နေရာဒေသအလိုက် စားသောက်မှုအလေ့အထများကို သိရှိနားလည်စေရန်၊ (၄) မွေးစနှင့် ကလေးငယ်များကိုကျွေးမွေးပုံ (မိခင်နို့တမျိုးတည်းတိုက်ကျွေးခြင်း)ဆိုင်ရာ နိုင်ငံတကာလမ်းညွန်ချက်များ ကို သိရှိနားလည်သွားစေရန်၊ (၅) မွေးစနှင့် ကလေးငယ်များကိုကျွေးမွေးပုံ (ဖြည့်စွက်စာ ကျွေးခြင်း) ဆိုင်ရာ နိုင်ငံတကာလမ်းညွန်ချက်များကို သိရှိ နားလည်သွားစေရန်၊ (၆) မွေးစနှင့်အသက်ခြောက်လမှ နှစ်နှစ် အတွင်း ကလေးငယ်များအားဒေသအလိုက် ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလေ့အထများကို သိရှိစေရန်နှင့် (၇) ပိုက်ဆံနည်းနည်းဖြင့် အာဟာရပြည့်ဝအောင် မည်ကဲ့သို့ဝယ်ယူချက်ပြုရမည်ကို သိရှိနားလည်စေရန် ရည်ရွယ်ပြီးသင်တန်းကိုဖွင့်လှစ် ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါအခြေခံအာဟာရဖွံ့ဖြိုးမှုသင်တန်းပထမရက်တွင် ၁။ အရွယ်ရေက်ပြီးသူများ သင်ယူမှု ဆိုင်ရာ ကြောင်လိမ်စက်ဝန်း၊ (၂) သင်ယူခြင်းပိရပစ်နှင့် အတူတကွသင်ယူမှုနည်းလမ်း၊ (၃) အာဟာရ ရှိအောင် ဂရုစိုဖို့ ဘာကြောင့်လိုအပ်သလဲ၊ အာဟာရချို့တဲ့ရသည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲ၊ (၄) အာဟာရချို့တဲ့မှုဆိုင်ရာအကြောင်းပြဇယား၊ (၅) အာဟာရနှင့်အစာအုပ်စုများ၊ ညီညွတ်မျှတတဲ့ အစာအာဟာရဆိုတာဘာလဲ၊ (၆) အမျိုးသမီးများအတွက်အာဟာရ စသည်တို့ကိုဆွေးနွေးခဲ့ပြီး သင်တန်း ဒုတိယရက်တွင် (၁) မိခင်နို့တစ်မျိုးထဲတိုက်ကျွေးခြင်းအကျိုးကျေးဇူးများ၊ (၂) ၆ လအောက်ကလေးများကို ကျွေးမွေးပြုစုခြင်း (၃) ၆ လ မှ ၂၃ လအရွယ်ကလေးများကိုကျွေးမွေးပြုစုခြင်း၊ (၄) ကျန်းမာသန့်ရှင်းရေးနှင့် နေအိမ်ပတ်ဝန်းကျင်၊ (၅) အာဟာရအတွက်ရက်ပေါင်း၁၀၀၀၊ (၆) အာဟာရဓာတ်များနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ (၇) ဈေးကွက်သဏ္ဍာန်တူလေ့ကျင့်ခန်း၊ (၇) အချက်အပြုတ်ပြိုင်ပွဲပြုလုပ်ခြင်း စသည့် သင်ခန်းစာများကိုဆွေးနွေးခဲ့ကြောင်းသိရှိခဲ့ပါသည်။


ခွန်လိုရဲုင်း
လွယ်ကောင်း

Powered by Blogger.