Wednesday, August 30, 2017

ရှမ်းပြည်နယ်တောင်ပိုင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်

 


၂၀၁၇ခုနှစ်၊ သြဂုတ်လ (၃၀)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်တောင်ပိုင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ပြုလုပ်ကျင်းပကြပါသည်။

အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်ညွန်ကြားရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ အဆိုပါအဖွင့်အမှာစကားတွင်- ဒီလိုအစည်းအဝေးပွဲကို လစဉ်လတိုင်းလုပ်ဖို့ရှိပါတယ်၊ အဓိကကတော့ ကျွန်တော်တို့ပညာရေးကဏ္ဍ ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေ အဆင်ချောမွေ့အောင် မည်သည့်ပြသနာတစ်စုံတစ်ရာ အခက်အခဲမရှိဘဲနဲ့ အောင်အောင်မြင်မြင်ချောချောမွေ့မွေ့နဲ့ အဓိကရည်ရွယ်ချက် နံပတ်(၁)ကတော့ကျွန်တော်တို့ရဲ့သားငယ်သမီးငယ်လေးတွေ၊ ကျောင်းသားကျောင်းသူများ အမှန်တစ်ကယ်ပညာတတ်မြောက်သွားရေးအတွက်ဖြစ်တယ်၊ဆရာကြီး/မကြီးများ သိပြီးသားအတိုင်းဘဲ စာတတ်သွားတယ်ဆိုတာ ကိန်းဂဏန်းတွေအရ အောင်ချက်တွေအရဖော်ပြသော်လည်း တစ်ကယ်စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်ထိကျွန်တော်တို့ကလေးရသွားသလည်းဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်ဆရာကြီးတို့ဆရာမကြီးတို့ စစ်ဆေးသင့်ရင်လည်း အဲ့တာကို ပိုပြီးတော့ အလေးထားစစ်ဆေးပေးပါ၊ ကျွန်တော်တို့လိုချင်တာ အတူတကွပူးပေါင်းနေထိုင်တတ်ဖို့၊ တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီတတ်ဖို့၊ တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားတတ်ပြီးတော့ မြတ်နိုးလေးစားတဲ့ ချစ်ကြည်လေးစားတဲ့ စိတ်တွေရှိဖို့ ဆရာစကားကို ဆရာစကားမှန်းသိအောင် မိဘကို မိဘမှန်းသိအောင်၊ ပတ်ဝန်းကျင်ကို ပတ်ဝန်းကျင်မှန်းသိအောင်၊ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ရန်အတွက်စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးနေတဲ့ကာလမှာ ကိန်းဂဏန်းတွေနဲ့ တန်ဖိုးမဖြတ်လိုက်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ပညာရေးဆိုင်ရာ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရမှာ ကျွန်တော်တို့ အချိန်နဲ့တပြေးညီ ညွန်ကြားချက်များ ဆောင်ရွက်ရန်ရှိတဲ့ ကိစ္စရပ်တွေကိုသေချာဆောင်ရွက်နိုင်ဖို့ရန်အတွက်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ဒီလကစပြီးတော့ လစဉ်လတိုင်း လမကုန်ခင် (၂)ရက်အလိုမှာမှာဆောင်ရွက်ဖို့ရှိပါတယ် လို့ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ပညာရေး ဒု-ညွန်ကြားရေးမှူး(စီမံ) ဦးသန်းအေးမှ ခရိုင်ပညာရေးမှူးများ မြို့နယ်ပညာရေးမှူးများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုအခမ်းအနားသို့ ရှမ်းပြည်တောင်ပိုင်း ခရိုင်(၃)ခရိုင်ဖြစ်ကြသော တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့မှ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများ နှစ်ဆယ်ကျော်တက်ရောက်ကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.