Sunday, September 3, 2017

ဟိုပုံးမြို့နယ်၊အနုပညာဝါသနာရှင်များ တစ်နှစ်ပြည့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  (၄) ရက်






၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထမ်းစမ်းကျေးရွာ၊ မေတ္တာခမ်းတန် ဓမ္မဗိမာန်တော်တွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းအနုပညာဝါသနာရှင် ညီအစ်ကိုမောင်မယ်များ တစ်နှစ်ပြည့်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ပထမဦးစွာ သဘာပတိရွေးချယ်တင်မြှောက်ခြင်း၊ အနုပညာရှင်အဖွဲ့ဝင်များအား အနုပညာတံဆိပ်ရင်ထိုးပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သဘာပတိအဖွဲ့ဝင် ခွန်ပျော်လေမှ အဖွင့်အမှာစကားပြောကြားပြီး ဟိုပုံးမြို့နယ်၊ ပအိုဝ်းအနုပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ခွန်နောင်းဝေးမှ တစ်နှစ်တောတွင်းလုပ်ဆောင်ချက်များနှင့် အမှာစကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒု-ဥက္ကဋ္ဌ ခွန်အောင်နိုင်မှ အမှာစကားများပြောကြားပြီး အတွင်းရေးမှူးဖြစ်သည့် ခွန်ရရက်မှ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ ရှင်းပြခြင်း၊ ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ ဗီဒီယိုဇာတ်ကားရိုက်ကူးရေးအဖွဲ့၊ အသံပိုင်းတာဝန်ခံအဖွဲ့များကို ဖွဲ့စည်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းအနုပညာအဖွဲ့သို့ လေးအိမ်ကုန်းရပ်ကွက်နေ ဒေါ်နန်းလုံးမှ အလှူငွေ(၁၀)သိန်းနှင့် ကုလားကုန်းရပ်ကွက်နေ ဆရာခွန်မြမောင်မှ (၅)သိန်း ပါဝင်လှူဒါန်းခဲ့ကြောင်းကိုလည်း သိရှိရသည်။

အဝေးမှရှိသော အနုပညာရှင်များ အချင်းချင်းစုပေါင်းတွေ့ဆုံရပြီး တစ်ဦးနှင့် တစ်ဦးခင်မင်ရင်းနှီးကာ ရိုင်းပင်းကူညီတတ်စေရန်၊ မိမိ၏ အတွေ့အကြုံများကို ပြန်လည်မျှဝေပေးရန်၊ အနုပညာနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်စည်းကာ တန်ဖိုးထားထိန်းသိမ်းတတ်ရန်၊ နောင်လာမည့် အနုပညာဝါသနာရှင်များအား ကူညီဖေးမ စောင့်ရှောက်ပေးရန်၊ ခံယူချက်များတူညီစေရန်နှင့် အနုပညာအားများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဤအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပြီး အခမ်းအနားသို့ ဟိုပုံးမြို့နယ် ပအိုဝ်းအနုပညာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.