Tuesday, September 26, 2017

ပအိုဝ်းတိုင်းရင်းသားများသည် မိမိ​​အခွင့်အ​​​ရေးကို မိမိကိုယ်​တိုင်​ တည်​​ဆောက်​လုပ်​ယူရမည်​ ဟု ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်







၂၀၁၇ခုနှစ်​၊ စက်​တင်​ဘာလ၊ (၂၆)ရက်​ နံနက်​(၁၀း၀၀)အချိန်​တွင်​ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)  ခမ်း၊ ၊နယ်​၊ အွိုင်း ပဉ္စမ​နေ့​မြောက်​လူထု​တွေ့ဆုံပွဲအခမ်းအနား​ကို အထူး​ဒေသ(၆)၊ သူရိယခမ်း၊  ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဆီဆိုင်​မြို့နယ်​ ​တောင်​​ရှေ့​ကျေးရွာအုပ်​စု လွယ်​ခြယ်​ဘုန်း​တော်​ကြီး​ကျောင်း၌ ပြုလုပ်​​ကြောင်းသိရှိရပါသည်​။ အခမ်းအနားတွင်​ ဦးစွာပထမ ရတနားသုံးပါး ကန်​​တော့ပြီး လွယ်​ခြယ်​​ကျောင်းဆရာ​တော်​ထံမှ ငါးပါးသီလ နှင့်သြဝါဒစကား ခံယူခဲ့ပါသည်​။

ဆက်​လက်​ပြီး ဌာနဆိုင်​ရာအသီးသီးရှိတာဝန်​ရှိပုဂ္ဂိုလ်​များနှင့် မိတ်​ဆက်​​ပေးပြီး သူရိယခမ်း ခမ်း​ဗွေ ဖြားခွန်​လှမြင့်​က အဖွင့်​အမှာစကား​ပြောကြားရာတွင်​ ရပ်​ရွာအတွင်းရှိစည်းကမ်းများလိုက်​နာသင့်​​ကြောင်း၊ မျိုးချစ်​စိတ်​ဓါတ်​ရှိ​စေရန်​၊ ရပ်​ရွာလှပဖို့အတွက်​ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်းရန်​လိုအပ်​​ကြောင်း နှင့်​ စည်းလုံးညီညွတ်​မှုရှိ​စေရန်​တို့ကို အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟို​ကော်​မတီ၊ ဗဟိုဌာနချုပ်​ရုံး၊ စီမံဌာန ဌာနမှူး ခွန်​​ကျော်​​အေး ကပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်ရုံး ဌာနအသီးသီး၏လုပ်​​ဆောင်​ချက်​များ နှင်​​ရှေ့လုပ်​​ဆောင်​ချက်​များ၊ ပအိုဝ်းအမျိုးသား(PNO)ပါတီ​ပေါ်​ပေါက်​လာပုံအ​ကြောင်း၊ ဖြားဗွာလှ​ဖေ ချမှတ်​ထား​ပေးခဲ့​သောသံဖိုခ​​နောက် ​လမ်းစဉ်​ အတိုင်းဆက်​လက်​လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများက မိမိအခွင့်​အ​ရေးကို မိမိကိုယ်​တိုင်း တည်​​ဆောက်​ လုပ်​​ယူဆောင်​ရွက်​ရမည်​ ဖြစ်ေ​ကြာင်း၊ ပအိုဝ်းကိုယ်​ပိုင်​ အုပ်​ချုပ်​ခွင့်​ရ​ဒေသအ​ကြောင်း ၊အစိုးရယန္တရားတွင်​ ပအိုဝ်းတိုင်းရင်းသားပါဝင်​မှုအ​ခြေအ​နေများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ​​ဖွံ့ဖြိုး​ရေးလုပ်​​ဆောင်​ချက်​များအ​ကြောင်း၊ စည်းလုံးညီညွတ်​မှု မပျက်​ပြား​စေရန်​ စသည်တို့ကို
အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားတပ်​မ​တော်​ (PNA) အသွင်​​ပြောင်းပြည်​သူစစ်​ (ဌာ​နေ)၊ ဗဟိုဌာနချုပ်​ရုံး၊ စစ်​ဦးစီးမှုး ဒု​ဗိုလ်​မှူးကြီး​ ခွန်​​ဇော်​ပျံ က ပအိုဝ်းလူမျိုးသည် ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်​လူမျိုးကို ထိန်းသိမ်းရန်လိုအပ်ေ​​ကြာင်း၊ ပအိုဝ်းအမျိုးသား ​ခေါင်း​ဆောင်းကြီးများ သမိုင်း​အ​ကြောင်း၊ ပအိုဝ်းလူမျိုးရင်​နားဖွယ်​များအ​ကြောင်း၊ စည်းကမ်းရှိစွာ​နေထိုင်​သင့်​​ကြောင်း၊ စည်းလုံးညီညွတ်​မှုနှင့် နယ်​​မြေလုံခြုံ​ရေးအ​ကြောင်းများကို အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​​ ဗိုလ်​စံသိန်းဗျူဟာရုံး ဗိုလ်​မှူးခွန်​​ကောင်းမှ ဗျူဟာ လှုပ်​ရှားမှုအ​ခြေ​အ​နေများကို မိဘပြည်​သူ သိရှိရန်​အတွက်​  ရှင်း​ပြောကြားခဲ့ပါသည်​။

ဆက်​လက်​၍ သထွုံး​ပေး​ဝေင်​နယ်​၊ ထာမာအမှု​ဆောင်​ ဖြားပန္တိက ဖွံ့ဖြိုး​ရေးလုပ်​​ဆောင်​​ပေး​သော ပုဂ္ဂိုလ်​များအ​ကြောင်း၊ (NGO)ဖွံ့ဖြိုး​ရေးလုပ်​​ဆောင်​မှု အ​ခြေအ​နေများကိုလည်း အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။
ဆက်​လက်​ပြီး ​တောင်​​ရှေ့​ကျေးရွာအုပ်​စု၊ အုပ်​ချုပ်​​ရေးမှူး ဖြားခွန်​လှ​မောင်​က ရပ်​ရွာအ​ခြေအ​နေများ၊ ဖွံ့ဖြိုး​ရေးလုပ်​​ဆောင်​​သောရွာများအ​​ကြောင်း၊ ပညာ​ရေး တိုးတက်​​အောင်​ လုပ်​​ဆောင်​သင့်​​ကြောင်း၊ ကျန်​မာ​ရေး လိုအပ်​ချက်​ အ​ခြေ​အ​နေများနှင့်​ စည်းလုံးညီညွတ်​မှု​စေရန်​ တို့ကို အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။

အဆိုပါ လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)မှတာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းအမျိုးသားတပ်​မ​တော်​(PNA) အသွင်​​ပြောင်းပြည်​သူစစ်​ (ဌာ​နေ)မှတာဝန်​ရှိပုဂ္ဂိုလ်​များ နှင့်​ ​တောင်​​ရှေ့​ကျေးရွာအုပ်​စု ရှိ ရွာ(၃၂)ရွာတွင်​​နေထိုင်​ကြ​သောရပ်​မိရပ်​ဖ(၅၀၀)​ကျော်​တက်​​ရောက်​​ကြောင်း သိရှိရပါသည်​။

ခွန်​ယံ​သေ
Powered by Blogger.