Sunday, September 24, 2017

အထူးဒေသ (၆) ဆီဆိုင်မြို့နယ် အွိုင်ထီတယံ၊ ကောင်ပန်တင် ဘုန်းတောကြီးကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ် ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်








၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၁၀း၀၀) အချိန်တွင် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ အွိုင်ထီတယံ ကောင်ပန်တင် ကျေးရွာရှိ ဘုန်တော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်၊ အွိုင်မှ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဦးစွာရတနာ (၃)ပါး ကန်တော့ပြီး ကောင်ပန်တင် ဆရာတော်ထံမှ ငါးပါးသီလ နှင့် သြ၀ါဒစကားများ ခံယူခဲ့ပါသည်။ ဆက်လက်၍ ဌာနအသီးသီးမှ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များကို မိတ်ဆက်ပေးခဲ့ပြီး သူရိယခမ်း (ခမ်းဗွေ) ဖြားခွန်လှမြင့်က အဖွင့်အမှာ ပြောကြာခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO)၊ ဗဟိုကော်မတီ၊ ဗဟိုဌာနချုပ်ရုံး၊ စီမံဌာန (ဌာနမှူး) ခွန်ကျော်အေးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO  ပါတီပေါ်ပေါက်လာပုံအကြောင်း၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲနှင့် လွတ်တော်အကြောင်း၊ နိုင်ငံရေးပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြောင်း၊ အစိုးရ အုပ်ချုပ်ရေးယန္တရားတွင် ပအိုဝ်းတိုင်းရင်းသားပါဝင်မှု အခြေအနေ နှင့် လက်ရှိ ပအိုဝ်းလူမျိုးများ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှု အခြေအနေများကို အကျယ်တ၀င့် ပြေားကြားခဲ့သည်။

ထို့နောက် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) ဗဟိုရုံးချုပ်၊ စစ်ဦးစီးမှူး ဒု-ဗိုလ်မှူးကြီး ခွန်ဇော်ပျံက ပအိုဝ်းလူမျိုးတွေ၏ ဘိုးဘွားစဉ်ဆက်သမိုင်းအကြောင်း၊  အာဇာနည် ခေါင်းဆောင်ကြီးပုဂ္ဂိုလ်များအကြောင်း၊ စည်းလုံးညီညွတ်မှုရှိစေရန်နှင့် နယ်မြေလုံခြုံရေးအကြောင်းများကို အကျယ်တ၀န်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဗိုလ်စံသိန်းဗျူဟာမှ ဗိုလ်မှူးကောင်းက ဗျူဟာ လှုပ်ရှားမှုအခြေအနေများကို ပြည်သူလူထုထံသို့ လိုအပ်သလို တပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်ကောင်း၊ ဗျူဟာရုံးအနေဖြင့် သော်လည်ကောင်း တပ်ဖွဲ့များအနေဖြင့်လည်ကောင်း၊ ဗျူဟာရုံးအနေဖြင့်သော်လည်ကောင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်သောကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် ပအိုဝ်းအမျိုးသား အဖွဲ့ သထွုံပေဝေင်နယ်၊ အွဉ်အကိုရေ ဖြားဆရာဖျော်က ကျေးရွာအုပ်စုအတွင်းလုပ်ဆောင်ချက်များ အကြောင်းလာမည့်ပွင့်လင်းရာသီတွင် တောမီးမရှို့စေရန်၊ ဖွံဖြိုးရေးလုပ်ဆောင်ချက်များအကြောင်း နှင့် ပညာရေးကို အားပေးသင့်ကြောင်း စသည်တို့ကို အကျယ်တ၀န်းပြောကြားခဲ့ပါသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသား အဖွဲချုပ် PNO မှတာဝန်ရှိပုဂ္ဂိုလ်များ အွိုင်ထီတယံ အတွင်းရှိ ရွာပေါင်း (၃၂)ရွာမှ နေထိုင်ကြသော ရပ်မိရပ်ဖများ (၃၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ

Powered by Blogger.