Sunday, September 24, 2017

လူငယ်အချို့ ခေါင်းဆောင်တို့ သွေးချွေးဖြင့် ရင်းထားသော ငြိမ်းချမ်းရေးကို တန်ဖိုးမဲ့ ပုတ်ခက်ပြောဆိုခြင်းမှာ ၀မ်းနည်ဖွယ်ဖြစ်ကြောင်း (PNA) အသွင်းပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်မှ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်







အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း အဖွဲ့သည် ဒေသအုပ်ချုပ်ရေး ပိုမိုရှင်သန်စေရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာတွင် ဒေသခံပြည်သူများနှင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဒေသခံ ရပ်မိရပ်ဖ ဖြားခွန်ကျော်စိန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ (PNA) အသွင်းပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်မှ ၁၉၉၁ ခုနှစ်၊ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်းတွင် မွေးဖွားသော လူငယ်တို့အနေဖြင့် ခေါင်းဆောင်ကြီးများ လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေး အကျိုးကျေးဇူးကြောင့် ပညာရေးကို ကောင်းမွန်စွာ သင်ယူခဲ့ရပြီး၊ ယခုအချိန်အခါတွင် ခေါင်းဆောင်ကြီးတို့၏ လုပ်ဆောင်ချက်ကို အင်တာနက်ထဲတွင် ပုတ်ခတ်နေသည်ကို မြင်တွေ့နေရသည်မှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ကြောင်း၊ ခေါင်းဆောင်ကြီးတို့၏ လုပ်ဆောင်ချက်ကို မကူညီချင်နေ ပျက်စီးရန် မလုပ်ဆောင်သင့်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုကော်မတီ စောခွန်ကျော်ဝင်းက ယခုအချိန်အခါတွင် မိမိတို့သည် ခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ချမှတ်ခဲ့သော ဖိုခနောက် ပုံစံဖြစ်သော အမျိုးသားဒီမိုကရေစီ စနစ်အတိုင်း ဆောင်ရွက်နေကြောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ ရှေ့လုပ်ငန်းစဉ်များကို အကျယ်တ၀င့်ပြောကြားခဲ့ပြီး၊ (PNO) ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာ ဌာနမှ ခွန်ဆက်အောင်က ဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနအသီးသီး လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပါလောပါကယ် အုပ်ချုပ်ရေးမှူး ခွန်လှထွန်းက ဒေသခံပြည်သူများသည် အိမ်ထောင်စုဇယာနှင့် မှတ်ပုံတင်ကို ပြည့်စုံစွာ လုပ်ဆောင်သင့်ကြောင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်များ လုပ်ဆောင်သင့်ကြောင့်နှင့် ဒေသလုံခြုံရေး အခြေအနေများကို ပြောကြားခဲ့ပြီး၊ ဒေသခံ ခွန်ထွန်းလေးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဒေသခံပြည်သူများ (၈၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ခမ်းခြိုင်

Powered by Blogger.