Wednesday, September 27, 2017

အကောင်းစားမော်တော်ယာဉ်များအသုံးပြုနိုင်ခြင်းထက် အမြင်မှန်ရှိပြီး ဒေသအကျိုးလုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်လူငယ်များပိုမိုမြင်ချင်ကြောင်း စိုင်းဆန်ခမ်းပြော

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်








အထူးဒေသ (၆) ပအိုဝ်းအမျိုသားအဖွဲ့ချုပ်(PNO)၊ ခမ်း၊ နယ်၊ အွိုင် အဖွဲ့သည် ဒေသအုပ်ချုပ်ရေးလုပ်ငန်းပိုမိုရှင်သန်လာစေရန် ဆီဆိုင်မြို့နယ်၊ ဆိုင်လဲကျေးရွာအုပ်စု၊ နောင်စန်းဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများကို စက်တင်ဘာ (၂၇) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

တက်ရောက်လာသောဒေသခံပြည်သူများအား တာဝန်ရှိပုဂ္ဂိုလ်များက မိတ်ဆက်ပေးပြီး ဒေသခံများကိုယ်စား အဖွင့်အမှာစကားပြောကြားပေးသော ကန်တော်ကြီးမြို့နယ် ၊ အလုပ်အမှုဆောင် စိုင်းဆန်ခမ်းက မိမိတို့ဒေသတွင် အကောင်းစားမော်တော်ယာဉ်များအသုံးပြုခြင်းထက် အမြင်မှန်ရှိပြီး ဒေသအကျိုးပြုလုပ်များလုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်လူများပိုမိုမြင်ချင်ကြောင်းကို ၎င်းကပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက မိမိတို့အထူးဒေသ (၆) သည် ဖြားဗွာလှဖေချမှတ်ခဲ့သော နိုင်ငံရေးခံယူချက်ရှိသော တပ်မတော် အရည်အချင်းပြည့်ဝသောအုပ်ချုပ်ရေးအဖွဲ့ ပြည်သူနှင့် ထို(၃)ခုကို တည်မြဲအောင် ထိန်းငြိသောဗဟိုကော်မတီ(သံဖိုခနောက်) လမ်းစဉ်ကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း၊ အထူးဒေသ (၆)သည် ရှမ်းလူမျိုးများသောဒေသကို ရှမ်းအကြီးအကဲဦးဆောင်ပြီး ထိုနည်းတူအခြားဒေသတွင်လည်း သက်ဆိုင်ရာလူမျိုး၏ အကြီးအကဲသာအုပ်ချုပ်ကြောင်း၊ ယခုရောက်ရှိလာသော ပုဂ္ဂိုလ်များသည်လည်း လူမျိုးပေါင်းစုံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ကန်တော်ကြီးမြို့နယ် အလုပ်အမှုဆောင် စိုင်းကုံလ က မူးယစ်ဆေးဝါးများကို ရောင်းချသုံးစွဲခြင်းသည် မလုပ်ဆောင်သင့်ကြောင်း၊ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြားခဲ့ပြီး အွိုင်း တွဲဖက် ဒု - ဥက္ကဌ မော်အိန္တက အထူးဒေသ(၆) ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ လီဆူတိုင်းရင်းသားပေါင်းစုံနေထိုင်ကြောင်း၊ စည်းလုံးပြီးအတူလုပ်ဆောင်မှတိုးတက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်က ဒေသလုံခြုံရေးနှင့် ရခိုင်ပြည်နယ်အကြမ်းဖက်ကိစ္စများကို အကျယ်တ၀င့်ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံရပ်မိရပ်ဖ (၃၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ခမ်းခြွိုင်
Powered by Blogger.