တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၂၄ ရက်နေ့၊ တောင်ကြီးမြို့နယ်၊ နမ်းဟောင်းကျေးရွာအုပ်စု၊ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ခမ်း၊နယ်း၊အွိုင်းအဖွဲ့မှ ဒေသခံပြည်သူများအားတွေ့ဆုံခဲ့ပြီး (PNA) အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဗဟိုစစ်ကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးဖြားခွန်ပီတာထွန်းနိုင်မှ အမှာစကားပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် PNA သည် အလိုအလျောက်ဖြစ်တည်လာသည့် အဖွဲ့မဟုတ်ဘဲ သွေးချွေးများဖြင့် တည်ဆောက်လာခဲ့သည့် အဖွဲ့ဖြစ်ပါကြောင်း၊ (PNA) သည် တော်လှန်ရေး ခေတ်အဆက်ဆက်လုပ်ဆောင်လာပြီး ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နယ်မြေလုံခြုံရေးလုပ်ငန်းများ တစိုက်တမတ် လုပ်ဆောင်လာကြောင်း၊ စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ညီနောင်တိုင်းရင်းသားများ စည်းလုံးညီညွတ်မှသာလျှင် ချစ်ခင်ရင်းနှီးမှုရရှိပြီး ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်မည်ဟု စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင် ဖြားခွန်ယာမက"တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုလိုအပ်ကြောင်း၊ မည်သည့်ကိစ္စမဆို အချင်းချင်းဆွေးနွေးတိုင်ပင်လုပ်ဆောင်ကြပါက ဒေသဖွံ့ဖြိုးတိုးတက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲမှန်သမျှကို တွန်းလှန်ကျော်လွှားနိုင်မည်၊ တိုင်းရင်းသားအချင်းချင်း ဗြမ္မာစိုရ်တရား (၄)ပါးဖြစ်သော မေတ္တာ၊ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားနှင့်အတူနေထိုင်သွားကြရန်လိုအပ်ကြောင်း၊ သို့ပါမှ မိမိတို့လိုအပ်သောရပ်ရွာအေးချမ်းသာယာရေဒ၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားပေးခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ စည်းရုံးရေးဌာနမှူး၊ ဒေါ်နန်းခမ်းဗွာမှ"ပါတီနိုင်ငံရေးအကြောင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ်ရေးကို ပြောကြားပြီး၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနမှ ခွန်ကျော်က ဗဟိုဌာနချုပ်ရုံးရှိ ဌာနအသီးသီးများ၏ လှုပ်ရှားနေမှုများနှင့် လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
လူထုတွေ့ဆုံပွဲသို့တက်ရောက်လာသော ဒေသခံကျောင်းကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လုံးစန်ကျန်က "ယခုလို လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ပေးတာ ဝမ်းသာကျေးဇူးတင်ပါကြောင်း၊ အကောင်းအဆိုး အတတ်ပညာတွေက ကျွန်တော်တို့ သိပြီးတတ်ပြီးဖြစ်သော်လည်း နောက်လည်းများများ လာပေးဖို့ကြိုဆိုပါကြောင်း၊ ရှမ်း ပအိုဝ်းလူမျိုးမခွဲခြားဘဲ ပြုံးပြုံးပျော်ပျော် တစ်ယောက်နှင့်တစ်ယောက် အတူလက်တွဲခေါ်ဆောင်ပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဆက်လက်လုပ်ဆောင်ချင်ကြောင်း"ဟု ၎င်းမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။
လူထုတွေ့ဆုံပွဲသို့ (PNA) အသွင်ပြောင်းပြည့်သူ့စစ်(ဌာနေ)မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နမ်းဟောင်းကျေးရွာအုပ်စုမှ ဒေသခံ ရပ်မိရပ်ဖများ စုစုပေါင်း(၈၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခမ်းရား
Like On Facebook
Follow On Twitter
Subscribe On RSS