Saturday, September 30, 2017

တောင်​ကြီးမြို့နယ်​၊ ​မိုင်း​သော်​အ​နောက်​​ကျေးရွာအုပ်​စု၊ သိမ်​ကုန်း​ဘုန်း​တော်​ကြီး​ကျောင်းတွင်​ ပအိုဝ်းအမျိုးသားချုပ်(PNO) ခမ်း၊နယ်း၊အွိုင်း အဖွဲ့မှ လူထု​တွေ့ဆုံပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်





၂၀၁၇ခုနှစ်​၊ စက်​တင်​ဘာလ(၃၀)၊ နံနက်​(၁၀:၀၀)နာရီအချိန်​တွင်​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)(ခမ်း၊နယ်း၊အွိုင်း)အဖွဲ့ သိမ်​ကုန်းဘုန်း​တော်​ကြီး​ကျောင်း၌ လူ​ထု​တွေ့ဆုံခဲ့ပြီး အထူး​ဒေသ(၆)မျင်းမိုရ်းခမ်း၊ဖြားခမ်း​ဗွေး ဖြားတန်​ဆရာခေါင်​မှ အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။

(PNA)ပအိုဝ်းအမျိုးသားတပ်​မ​တော်​ ဒု-ဥက္ကဌ ဗိုလ်​မှူးကြီးဖြားတန်​ပီတာထွန်းနိုင်​မှ "လုံခြုံ​ရေးနှင့်ပတ်​သက်​၍လူတစ်​ဦးချင်းစီ၊ ​ကျေးရွာတစ်​ရွာချင်းစီတွင်​ တာဝန်​ရှိ​ကြောင်း၊ အမျိုးသားလုံခြုံ​ရေးအတွက်​ ​ဒေသခံပြည်​သူလူထု၏ ပူး​ပေါင်းပါဝင်​မှုလည်း အ​ရေးကြီး​ကြောင်း၊ သိသင့်သိထိုက်​​သော ပအိုဝ်းအမျိုးသား​တော်​လှန်​​ရေးသမိုင်း​ကြောင်းများ" ကို အကျယ်​တဝင့်​​ပြောကြားခဲ့သည်​။

ပအိုဝ်းစာ​ပေနှင့်​ယဉ်​​ကျေးမှု ဗဟို​ကော်​မတီ အဖွဲ့ဝင်​ဖြားခွန်​ရာမမှ" ပြည်​​ထောင်​စုတိုင်းရင်းသား(၁၃၅)မျိုးရှိပြီး လူမျိုးတစ်​မျိုး၏ အသက်​​သွေး​ကြောဖြစ်​​သော ဘာသာစကား၊စာ​ပေ၊ ယုံကြည်​မှု၊ ရိုးရာဓ​လေ့ ဝတ်​စားဆင်​ယင်​မှု၊ ယဉ်​​ကျေးမှု ထုံးတမ်းစဉ်​လာများဖြစ်​​ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးရဲ့ရိုးရာဓ​လေ့ယဉ်​​ကျေးမှုများကို မပ​ပျောက်​​အောင်​ ထိန်းသိမ်းရန်​လိုအပ်​​ကြောင်း၊ ပအိုဝ်းလူမျိုးတိုင်း ပအိုဝ်းစာကို သင်​ကြားရန်​၊ တစ်​ဦးနှင့်​တစ်​ဦး စည်းစည်းလုံးလုံးချစ်​ချစ်​ခင်​ခင်​​နေကြရန်​၊ မိဘပြည်​သူနဲ့ အမျိုးသားတပ်​မ​တော်​များ အချင်းချင်းချစ်​ခင်​ရင်းနှီးရန်​၊ ချစ်​ခင်​ရင်းနှီးမှုမရှိပါက ပြိုလဲပျက်​စီးလွယ်​​ကြောင်းကို ဥပမာ- ​တော​တောင်​သစ်​ပင်​ကိုမချစ်ရင်​ ရာသီဥတုပူပြင်း​ဖောက်​ပြန်​သကဲ့သို့ဖြစ်​​ကြောင်း၊ သစ်​​တောသစ်​ပင်​ကိုချစ်​သလို တိုင်းပြည်​ကိုလည်းချစ်​ပါဆိုသည့်​အ​ကြောင်းများ"ကို ​ပြောကြား​ပေးခဲ့သည်​။

အထူး​ဒေသ(၆)မျင်းမိုရ်းခမ်း၊ စိုက်​ပျိုး​ရေးတာဝန်​ခံ၊ ဖြားခွန်​​ကျော်​စောမှ" နိုင်​ငံ​ရေး​ကောင်းမ စီးပွား​ရေး​ကောင်းပြီး နိုင်​ငံ​ရေးအ​ခြေအ​နေတည်​ငြိမ်​မှ စီးပွား​အ​ရောင်းအဝယ်​ တည်​ငြိမ်​မည်​ဖြစ်​​ကြောင်း၊ ဥပမာ-ပြီးခဲ့တဲ့နှစ်​ မူဆယ်​ပစ်​ခတ်​​ရေး​ကြောင့်​ ​ပြောင်း​ဈေး(၂၀၀)ရာ​အောက်​ကျသွားသလိုဘဲ၊ ကိုယ့်ရပ်​ကိုယ်ဒေသမှာ တည်​ငြိမ်​​အေးချမ်းစည်းလုံးညီညွတ်​မှ စီးပွား​ရေးတည်​ငြိမ်​မည်​၊ တက္ကသိုလ်​​ကျောင်းသား/သူများအားလုံးကို စိုက်​ပျိုး​ရေးနှင့်​ပတ်​သက်​​သောနည်းပညာ​ကျောင်း၊ သင်​တန်းများကိုတက်​​စေလို​ကြောင်း" စသည့် စိုက်​ပျိုး​ရေးနှင့်​ပတ်​သက်​​သည့်​ အ​ကြောင်းအရာများကို အကျယ်​တဝင့်​​ပြောကြားခဲ့သည်​။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)စည်းရုံး​​ရေးဌာနမှူး နန်းခမ်းဗွာမှ" ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်​(PNO)ပါတီအဖွဲ့ ဖြစ်​​ပေါ်လာပုံ၊ ပအိုဝ်း​ဒေသငြိမ်းချမ်း​ရေးဖြစ်​စဉ်​အ​ကြောင်းအရာများ၊ ပအိုဝ်းအမျိုးသား​ခေါင်း​ဆောင်​များ၏ ငြိမ်းချမ်း​ရေးမယူမှီ ​ဆောင်​ရွက်​ချက်​များ၊ ငြိမ်းချမ်း​ရေးယူပြီး ယခုအချိန်​ထိ တည်​ရှိ​နေ​သော အ​ခြေအ​နေအ​ကြောင်း၊ (PNO)ပါတီ ဌာနချုပ်​ရုံး ရုံးတွင်းဖွဲ့စည်းပုံများ၊ ဌာနတစ်​ခုချင်းစီ၏ တာဝန်​ဝတ္တရားများကို" ​ပြောကြား​ပေးခဲ့သည်​။

ပအိုဝ်းအမျိုးသားတပ်​မ​တော်​၊ တပ်​ရင်း(၉)ဒုတပ်​မှူး (၂)ဗိုလ်​မှူး ခွန်​​အောင်​သိန်းမှ"ပအိုဝ်းအမျိုးသား​တော်​လှန်​​ရေးစတင်​တဲ့သမိုင်းအ​ကြောင်းများ၊ ​တော်​လှန်​​ရေး​ကြောင့် ရရှိလာတဲ့ အကျိုးခံစားချက်​များ၊ လုံခြုံ​ရေးအ​ကြောင်းအရာများ၊ မူး​ယစ်​​ဆေးဝါးအန္တရာယ်​နှင့်​ ပတ်​သက်​​သော အ​ကြောင်းအရာများ၊ အထူး​ဒေသ(၆)၊မျင်းမိုရ်းခမ်း၊ (ရန်းကင်​​ဝေင်​နယ်း)အမှု​ဆောင်​ ဖြားခွန်​စန္တားမှ ရပ်​ရွာ​ဒေသတွင်းလိုက်​နာရမည့်​စည်းမျဉ်းစည်းကမ်းချက်​များကို ဖတ်​ကြား​ပေးခြင်း၊ ဖို့​နောက်​ တိမ်​ကုန်း​ကျေးရွာအုပ်​စု၊ ဥက္ကဌုဖားခွန်​တီးမှ တက်​​ရောက်​လာ​သော ရပ်​မိရပ်​ဖများအားလုံးကိုယ်​စား ​ကျေးဇူးတင်​စကား​ပြော​ပေးရင်း အခမ်းအနားကို ပြန်​လည်​ရုပ်​သိမ်းခဲ့သည်​။
ထို​တွေ့ဆုံပွဲသို့ အထူး​ဒေသ(၆)မျင်းမိုရ်းခမ်း၊မှ တာဝန်​ရှိ ပုဂ္ဂိုလ်​များ၊ (PNA)ပအိုဝ်းအမျိုးသားတပ်​မ​တော်​မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)မှတာဝန်​ရှိပုဂ္ဂိုလ်​များနှင့်​ ​ဒေသခံရပ်​မိရပ်​ဖ ညီအစ်​ကို​မောင်​မယ်​များ စုစု​ပေါင်း (၄၀၀)ခန့်​ တက်​​ရောက်​ခဲ့သည်​။

နန်းခမ်းရား
Powered by Blogger.