Monday, October 2, 2017

ဒုတိယအကြိမ် ပအိုဝ်းအမျိုးသားပိုင် နားဘောင်ဈေးကော်မတီ ဖိတ်ခေါ်ဘော်လီဘော နောက်ဆုံးဗိုလ်လုပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်






၇-၉-၂၀၁၇ ရက်ကစပြီး ၂-၁၀-၂၀၁၇ နေ့အထိ ပအိုဝ်းအမျိုးသားပိုင်နားဘောင်ဈေးကော်မတီဖလား ဖိတ်ခေါ် ဘော်လီဘောနောက်ဆုံးဗိုလ်လုပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ပြိုင်ပွဲတွင် အငယ်တန်းအဆင့် အကြီးတန်းအဆင့်ဟူ၍ နှစ်ဆင့်ခွဲကာ ယှဉ်ပြိုင်စေခဲ့ပြီး အငယ်တန်းအဆင့် (၈)သင်း၊ အလွတ်တန်း(၁၆)သင်း ၀င်ရောက်ယှဉ်ပြိုင်ကာ အပတ်တိုင်းနားဘောင်ဈေးနေ့တွင် ကစားစေခဲ့ပါသည်။

နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းများမှာ အငယ်တန်းအဆင့်အနေဖြင့် ဂနိုင်ရေးအသင်းနှင့် နောင်ဗုတ်အသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ဂနိုင်ရေးအသင်းက (၃) ပွဲ (၁) ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အလွတ်တန်းအသင်း ဗိုလ်လုပွဲတွင် လမ်းပြကြယ်အသင်းနှင့် တောင်ပေါ်သားအသင်းယှဉ်ပြိုင်ကစားရာမှာ လမ်းပြကြယ်အသင်းက (၃)ပွဲပြတ်ဖြင့်အနိုင်ယူဗိုလ်စွဲသွားကြောင်းသိရှိရပါသည်။

ပြိုင်ပွဲ ဆုကြေးအနေဖြင့် အလွတ်တန်းအဆင့် ပထမဆုမှာ(၂)သိန်း ဒုတိယဆု(၁)သိန်းခွဲ၊ အငယ်တန်းအဆင့် ပထမဆုမှာ(၁)သိန်းခွဲ ဒုတိယဆု(၁)သိန်း အသီးသီး ဆုရရှိသွားပြီး ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် ပအိုဝ်းလူငယ်များအနေဖြင့် ဘော်လီဘော ၀ါသနာရှင်များစွာပေါ်ထွက်လာစေရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းအထောက်အကူပြုစေဖို့ဖြစ်ကြောင်း ပွဲဖြစ်မြှောက်ရေးကော်မတီ ဖြားခွန်ဝင်းအောင်မှ ပြောကြားခဲ့ပါသည်။

Black and white 
Powered by Blogger.