Friday, October 27, 2017

မွေတော်ကက္ကူဘုရား ဗုဒ္ဓမြတ် စွယ်တော်၊ ဓာတ်တော် စံကားဒေသသို့ ဒေသစာရီ ကြွချီနေ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်






 



မိဘပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် ရည်ရွယ်ကာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၂၀)မှ စတင်၍ ညောင်ရွှေမြို့နယ်(စံကားဒေသ)သို့ ဒေသစာရီကြွချီနေပြီး (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် အဆိုပါ မွေတော်ကက္ကူ ဗုဒ္ဓမြတ် စွယ်တော်၊ ဓာတ်တော်သည် မွေတော်ကက္ကူဘုရားမှ ဂေါပကအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များ၊ ပအိုဝ်းသုခုမဇာတ်သဘင်အဖွဲ့များမှ ဦးဆောင်မှုဖြင့် (စံကာဒေသ) ဘုရားတောင်ရေဆိပ်ကျောင်းမှ နောင်ကမ် (လုံကန်) ကျောင်းသို့ ဒေသစာရီ ပင့်ဆောင်ပူဇော်မှု ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မွေတော်ကက္ကူ ဗုဒ္ဓမြတ် စွယ်တော်၊ ဓာတ်တော်သည် နံနက် (၁၀း၃၀) အချိန်တွင် နောင်ကမ် (လုံကန်)ကျောင်းသို့ ရောက်ရှိပြီး နောင်ကမ် (လုံကန်)ရွာရှိ မိဘပြည်သူများနှင့် ကျောင်းသား/သူများက ဓာတ်တော်များကို ပင့်ဆောင်ကြိုဆိုပြီး လုံကန်ကျောင်း၌ နေ့ဆွမ်းကပ်လှူတရားနာခဲ့ပါသည်။

ဆက်လက်ပြီး ညနေ (၂း၀၀)အချိန်တွင် လုံကန်ကျောင်းမှ မွေတော်သာခေါင်ဘုရားကျောင်းသို့ ဆက်လက်ပင့်ကြွပူဇော်ခဲ့ကြောင်းသိရှိရပါသည်။

ထို့နောက် အောက်တိုဘာ (၂၇) ရက်နေ့တွင် မွေတော်သာခေါင်ဘုရား၌ အာရုဏ်ဆွမ်းကပ်လှူပြီး  နံနက် (၈း၀၀)အချိန်တွင် ဟော်ခြင်း(ဆည်ခေါင်း )ကျောင်းသို့ဆက်လက်ပင့်ကြွပူဇော်မည်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် မွေတော်ကက္ကူဘုရားကျောင်းတော်ဝင်သို့ ပြည်လည်ကြွချီမည် ဖြစ်ကြောင်း သိရှိရသည်။

ခွန်ယံသေ
Powered by Blogger.