Monday, October 30, 2017

အခြေခံအာဟာရဖွံ့ဖြိုးမှု (Nutriontion)သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ လဲုင်းကတူရွာတွင် AVSI နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၂၆) ရက်နေ့မှ (၂၇) ရက်နေ့တွင် အခြေခံအာဟာရဖွံ့ဖြိုးမှု(၂)ရက်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ခွန်ထွန်းလွင်၊ နန်းခမ်းဗဲ့၊ နန်းခမ်ရွှီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်သိန်းစိုးနှင့် နန်းခမ်းဆွဲ တို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး၊ သင်တန်းသားသည် လဲုင်းကတူကျေးရွာမှ အိမ်ထောင်ရှင်အမျိုးသမီးများ (၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ (၁) အာဟာရချို့တဲ့ခြင်းအမျိုးအစား များကို ခွဲခြားနားလည်သွားစေရန်၊ (၂) အစာအုပ်စုသုံးစုနှင့် အုပ်စုတစ်ခုချင်းစီအတွက်ပါဝင်သော အစား အစာများကို သိရှိနားလည်စေရန်၊ (၃) မိခင်အတွက်မိခင်အာဟာရနှင့် နေရာဒေသအလိုက် စားသောက်မှု အလေ့အထများကို သိရှိနားလည်စေရန်၊ (၄) မွေးစနှင့်ကလေးငယ်များကိုကျွေးမွေးပုံ (မိခင်နို့တမျိုးတည်း တိုက်ကျွေးခြင်း)ဆိုင်ရာ နိုင်ငံတကာလမ်းညွန်ချက်များကို သိရှိနားလည်သွားစေရန်၊ (၅) မွေးစနှင့် ကလေးငယ်များကိုကျွေးမွေးပုံ(ဖြည့်စွက်စာကျွေးခြင်း) ဆိုင်ရာနိုင်ငံတကာလမ်းညွန်ချက်များကို သိရှိ နားလည်သွားစေရန်၊ (၆) မွေးစနှင့်အသက်ခြောက်လမှ နှစ်နှစ်အတွင်းကလေးငယ်များအား ဒေသအလိုက် ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာအလေ့အထများကိုသိရှိစေရန်၊(၇) ပိုက်ဆံနည်းနည်းဖြင့် အာဟာရ ပြည့်ဝအောင် မည်ကဲ့သို့ဝယ်ယူချက်ပြုရမည်ကိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကိုဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအခြေခံအာဟာရဖွံ့ဖြိုးမှု (Nutriontion) သင်တန်းပထမရက်တွင် (၁) သင်ယူခြင်းပိရပစ် နှင့် အတူတကွသင်ယူမှုနည်းလမ်း၊ (၂) အာဟာရချို့တဲ့ရသည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲ၊ (၃) အာဟာရချို့တဲ့မှုဆိုင်ရာအကြောင်းပြဇယား (၄) အာဟာရနှင့်အစာအုပ်စုများ၊ (၅) ညီညွတ်မျှတတဲ့ အစာ အာဟာရဆိုတာဘာလဲ (၆) အမျိုးသမီးများအတွက်အာဟာရ (၇) မိခင်နို့တစ်မျိုးထဲတိုက်ကျွေးခြင်း (၈) ၆လအောက်ကလေးများကို ကျွေးမွေးပြုစုခြင်းနှင့် (၉) ၆ လ မှ ၂၃ လအရွယ်ကလေးများကို ကျွေးမွေးပြုစု ခြင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး သင်တန်းဒုတိရရက်တွင် (၁) ကျန်းမာသန့်ရှင်းရေးနှင့် နေအိမ်ပတ်ဝန်းကျင် (၂) အာဟာရဓာတ်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (၃) အာဟာရအတွက်ရက်ပေါင်း၁၀၀၀ (၄) ဈေးကွက်သဏ္ဍာန်တူလေ့ကျင့်ခန်းနှင့် (၅) အချက်အပြုတ်ပြိုင်ပွဲပြုလုပ်ခြင်း စသည့်သင်ခန်းစားများကို ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ပါသည်။

ခွန်လိုရဲုင်း
လွယ်ကောင်း


Powered by Blogger.