တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်
တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ ထီပသဲ့ကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရူံး၊ ဥပဒေရေးရာဌာန မှ ဦးဆောင်ပြီး ဥပဒေနှင့် ဆိုင်သောအကြောင်းအရာများကို နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းများသည် တရားဥပဒေစိုးမိုးရေး၊ ကျေးရွာအတွင်းရှိ ပြည်သူများ ဥပဒေရေးရာအကြောင်းအရာ များကို သိရှိနိုင်ရန်နှင့် ဥပဒေအကြောင်းအရာနှင့်စပ်လျဉ်း၍ အခက်အခဲများ ကြုံတွေ့လာပါက အကြံဥာဏ်များရယူနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ပါသည်။
ထိုသင်တန်းသည် ဖက်ကွန်၊ ထီပသဲ့၊ လင်းလေ၊ အွံအား ရွာတို့မှ ကျေးရွာဥက္ကဋ္ဌများ ကျေးရွာကော်မတီများ (၃၀)ကျော် တက်ရောက်ကြောင်းသိရှိပါသည်။
နန်းအိနြေ္ဒခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS