Tuesday, November 21, 2017

အခြေခံသုတေသန နည်းနာသင်တန်း (Basic Research Method Training)

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်


၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်၊ နံနက်(၉း၃၀)နာရီတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် အခြေခံသုတေသနနည်းနာသင်တန်းကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ သင်တန်း၏ ရည်ရွယ်ချက်မှာ ‘ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ဒီပလိုမာသင်တန်းကျောင်းအတွက် အခြေခံသုတေသနနည်းနာများသည် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ဒီပလိုမာ သင်တန်းသား/သူများ၏ အနာဂါတ်အဆင့်မြင့်ပညာရေးအတွက်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ကိုင်မည့် အလုပ်အကိုင်များ၊ စီမံကိန်းများ၊ ၄င်းနှင့်ဆက်စပ်သောလုပ်ငန်းများတွင်သော်လည်းကောင်း၊ သုတေသနအခြေပြုသော ကိစ္စရပ်များနှင့် အကျိုးရလဒ်များကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုပါသည်။ သို့မှသာ အရည်အသွေးပြည့်ဝသော လူငယ်များအနေဖြင့် ၄င်းတို့၏ အလုပ်အကိုင်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါသင်တန်းကို ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation- EMReF) အဖွဲ့အစည်းမှ ဦးဆောင်ပြီးသင်ကြားပေးကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ဒီပလိုမာသင်သန်းမှ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား/သူများ စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းကို စာတွေ့ဖြင့်သင်ကြားပေးသော ‘သင်ခန်းစာများမှာ သုတေသနဆိုသည်မှာ၊ အရည်အသွေးအခြေပြု အချက်အလက်ကောက်ယူသည့်ပုံစံများ၊ အရည်အသွေးအခြေပြု အရေအတွက်အခြေပြု သုတေသနနည်းလမ်းများ၏ သဘောတရားများ၊ သုတေသနဒီဇိုင်း၊ သုတေသနကျင့်ဝတ်များ၊ ကျား/မဆိုင်ရာသဘောတရားများ၊ အရည်အသွေးအခြေပြုနှင့် အရေအတွက်အခြေပြု သုတေသနအချက်အလက်များသုံးသပ်လေ့လာခြင်း သဘောတရားများနှင့် သုတေသနစာတမ်းရေးသားခြင်း’တို့ဖြစ်ပြီး သင်တန်းရက်မှာ( ၁၈.၁၁.၂၀၁၇)မှ (၂၄.၁၁.၂၀၁၇) ကြာမြင့်မည်ဖြစ်သည်ဟုပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း ဒေါ်ချိုချိုဝင်း (သုတေသနမန်နေဂျာ)မှ ပြောကြားချက်အရသိရှိရပါသည်။

အဆိုပါသင်တန်းကို ဒေါ်ချိုချိုဝင်း၊ ဒေါ်လှမြတ်မွန်နှင့် ဒေါ်အေးလဲ့ထွန်းတို့မှ သင်ကြားပေးနေပါကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.