Tuesday, November 21, 2017

ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က နောင်တရားဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုလေ့လာ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်







ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်၌ ရောက်ရှိနေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဒီကနေ့၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၁)၊ အင်္ဂါနေ့တွင် ပေါင်းလောင်းမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများ အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ညနေ(၃း၀၀)အချိန်တွင် နောင်တရားဒေသ ပေါအင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး Advanced Global Technologies Co., Ltd မှ တာဝန်ယူဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာနှင့် တီးခွဲကျေးရွာ 11 KV(၂)မိုင်နှင့် 0.4 KV (၁)မိုင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို သော်လည်းကောင်း၊ Min Din Co.,Ltd တာဝန်ယူဆောင်ရွက်နေသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘုရားဖြူ- ဆောင်းနိုင်-ခနွဲလမ်း (၉/၀)မိုင် မြေသားလမ်းဖေါက်လုပ်ခြင်းလုပ်ငန်းကို သော်လည်းကောင်း၊ ပက္ကော်-ခနွဲ ကွန်ကရစ်တံတား (၁၅)ပေ တည်ဆောက်ခြင်းကိုသော်လည်းကောင်း၊ ဘုရားဖြူ-ဆောင်းနိုင်-ခနွဲလမ်းပေါ်တွင် (၅)ပေ Box Culvert (၂၇)စင်း တည်ဆောက်ခြင်းကို သော်လည်းကောင်း လေ့လာကြည့်ရှုခဲ့ပြီး တာဝန်ယူတည်ဆောက်ပေးသော ကုမ္မဏီများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.