Sunday, November 5, 2017

Gender Refresh Training ကျား/မရေးရာမွမ်းမံသင်တန်းပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်



၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်၊ နံနက်(၉း၀၀)နာရီအချိန် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် Gender Refresh Training ကျား/မရေးရာမွမ်းမံသင်တန်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၎င်းသင်တန်း၏ ရည်ရွယ်ချက်မှာ ကျား/မရေးရာတန်းတူညီမျှမှုရှိစေရန်လုပ်ငန်း၊ ကျား/မရေးရာကို တန်းတူညီမျှစွာ ထည့်သွင်းစဉ်းစားစေရန် ဖြစ်ကြောင်း သင်တန်းပို့ချသူ ဒေါ်မေသူ ကျား/မရေးရာ ညှိနှိုင်းရေးမှူးက ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ မေတ္တာဖောင်ဒေးရှင်း၊ ရွှေကမ္ဘောဇနှင့် ရွှေအင်းသူ အဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းသူ/သား (၁၄)ဦးတက်ရောက်ကြပါသည်။

နန်းခမ်းရား
Powered by Blogger.