Tuesday, December 12, 2017

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနှင့် သားသမီးများက ကျေးဇူးတော်ရှင် နိုင်ငံတော်သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ၊ အင်းစိန် ရွာမဆရာတော် ဘုရားကြီးအား ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ(၁၂)ရက်နေ့၊ မနက် (၆)နာရီခွဲအချိန်တွင် ကျောက်တလုံးကြီးမြို့ရှိ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနေအိမ်၌ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနှင့် သားသမီးများက ကျေးဇူးတော်ရှင် နိုင်ငံတော် သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗုဒ္ဓ ဓမ္မ ပရဟိတဖေါင်ဒေးရှင်း ဥက္ကဋ္ဌ၊ အင်းစိန် ရွာမဆရာတော်ဘုရားကြီးဖြစ်သည့် ဘဒ္ဒန္တတိလောကာဘိဝံသအား ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူခြင်း၊ တရားတော်နာ ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသေ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဖြားဗွာခမ်း ခမ်းဗွေ ဖြားခွန်မြင့်အောင်နှင့်ဖိတ်ကြားထားသည့် ဧည့်သည် တော်များလည်း ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော် တရားတော်နာခဲ့ကြကြောင်း သိရသည်။


ခွန်ဓဇ
Powered by Blogger.