Thursday, December 21, 2017

ကျောက်တစ်လုံးကြီးမြို့ရှိ အားကစားကွင်းသစ်ကြီးတွင် ဘောလုံးပွဲကျင်းပနိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်





အထူးဒေသ၆ ကျောက်တစ်လုံးကြီးမြို့တွင် ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ပြီးစီးပြီဖြစ်သည့် အားကစားကွင်းကို ပြည်ထာင်စုနေ့အား ဂုဏ်ပြုသောအနေဖြင့် ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် အစည်းအဝေးပွဲကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၂၁ရက်နေ့ နောင်ကားအထူးဒေသ၆ ဖွံ့ဖြိုးရေးရုံးတွင် ပြုလုပ်ကျင်ပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ PNO၊ အတွင်းရေးမှူးချုပ် ဖြားတန် ခွန်သိန်းဖေက ယခုနှစ်တွင်ပြုလုပ်ကျင်းပမည့် ဘောလုံးပြိုင်ပွဲ၏ မြို့နယိအဆင့်ဖလားအမည်ကို အထူးဒေသ၆PNO ခမ်းထီဥက္ကဌဖလားဟူ၍လည်းကောင်း ကျေးရွာအုပ်စုအဆင့်ဖလားကို ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူးဖလားဟူ၍လည်းကောင်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားကွင်းသစ်ဖြစ်သည်နှင့်အညီ ယခုနှစ်တွင် မြို့နယ်အဆင့်ကို ၁၀သင်း ကျေးရွာအုပ်စုအသင်းကို ၁၃သင်းစီသာ ယှဉ်ပြိုင်ကစားသွာမည် ဖြစ်ကြောင်း ကွင်းသစ်ကြီးရေရှည်တည်တံ့ဖို့အတွက် အသင်းများကို ထိုက်သင့်သလောက်သာ လက်ခံကျင်းပ ရခြင်းဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလ၃၀ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ရက်နေ့ပြည်ထောင်စုနေ့တွင် နောက်ဆုံးဗိုလ်လုပွဲ အဖြစ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အထူးဒေသ ၆ အတွင်း တာဝန်ထမ်းဆောင်နေကျသော လူကြီးမင်းများအနေဖြင့် ခမ်းထီဥက္ကဌကြီး၏ စိတ်ဆန္ဒကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများက ပွဲဖြစ်မြောက်ရေးကော်မတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီ လုံခြုံရေးကော်မတီ ဆုရအသင်းများကို ဆုချီးမြှင့်မည့် ကိစ္စရပ်များနှင့် မဲနှိုက်အုပ်စုခွဲမည့် ရက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည် အဆိုပါအစည်းအဝေးပွဲတွေ ပအိုဝ်းအမျိုးသားအဖွဲချုပ် PNO တာဝန်ရှိပုဂ္ဂိုလ်များ၊့် အသွင်ပြောင်းပြည်သူ့စစ်ဌာနေ PNA မှတာဝန်ရှိပုဂ္ဂိုလ်များ အထူးဒေသ ၆ မှ ခမ်းဗွေ ခမ်းနယ် အွိုင်ဥက္ကဌများဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးခဲ့ကြောင်းသိရှိရပါသည်။ အကြီးတန်းအဆင့် ပထမဆုကို ကျပ်သိန်း ၂၀ ဒုတိယဆုကို ကျပ် ၁၅သိန်း အငယ်တန်းအဆင့် ပထမဆုမှာ ကျပ် ၁၅သိန်း ဒုတိယဆုကို ကျပ် ၁၀သိန်းစီချီးမြှင့်ပေးသွားမယ်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.