Friday, December 29, 2017

ဒိန်းမတ်နိုင်ငံ ဒေသန္တရရွေးကောက်ပွဲလေ့လာရေးခရီးစဉ်မှ တွေ့ရှိချက်နှင့်အတွေ့အကြုံများအား ပြန်လည်မျှဝေ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဒိန်းမတ်နိုင်ငံ ဒေသန္တရရွေးကောက်ပွဲလေ့လာရေး ခရီးစဉ်မှ တွေ့ရှိချက်နှင့် အတွေ့အကြုံများအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကိုယ်စားပြု သွားရောက်လေ့လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုကော်မတီဝင် ခွန်ဆောင်းရွှေက ပါတီဗဟိုကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ မြို့နယ်ရုံးတာဝန်ခံများ၊ ဗဟိုဌာနချုပ်ရုံးရှိ ရုံးဝန်ထမ်းများအား ၂၀၁၇၊ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ပြန်လည် မျှဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်မျှဝေရာတွင် ဒိန်းမတ်နိုင်ငံသမိုင်းအကျဉ်း၊ Gladsaxe Radhusမြို့ မြို့တော်ဝန်နှင့်တွေ့ဆုံခြင်း၊ ရွေးကောက်ပွဲများနှင့်ရွေးကောက်ပွဲစနစ်၊ ဒိန်းမတ်နိုင်ငံရှိ လူငယ်များ၏ အခန်းကဏ္ဍ၊ Aarhus မြို့ကွင်းဆင်း လေ့လာမှုအခြေနေများ၊ မဲဆွယ်စည်းရုံးမှုများ၊ မဲရုံပြင်ဆင်မှုနှင့်မဲပေးနေမှုများ၊ ဒေသန္တရရွေးကောက်ပွဲ အခြေအနေများ၊ လွှတ်တော်လေ့လာမှုအခြေအနေများ၊ လူငယ်အမျိုးသမီး လွှတ်တော်အမတ်နှင့်တွေ့ဆုံမှု အခြေအနေများနှင့် မီဒီယာများထံသို့ ပြန်လည်တင်ပြခြင်းအခြေနေများကို မျှဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် တက်ရောက်လာသူများက မေးမြန်းလိုသည်များကို မေးမြန်းပြီး ခွန်ဆောင်းရွှေမှ ပြန်လည်ဖြေကြားပေးပြီးနောက် မြို့နယ်ရုံးတာဝန်ခံများအား ဒေသန္တရအဆင့် နိုင်ငံရေးပါတီများစာအုပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ ဒေသန္တရရွေးကောက်ပွဲလေ့လာရေးခရီးကို ၂၀၁၇၊ နိုဝင်ဘာ(၁၇)ရက်နေ့မှ (၂၅)ရက်နေ့ထိ  DIPD မှ ဦးဆောင်ကာ မြန်မာနိုင်ငံ နိုင်ငံရေးပါတီ(၁၁)ခုမှ (၁၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၂)ဦး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ (၂)ဦးနှင့် DIPD ရုံးမှ (၃)ဦး သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ခွန်ဓဇ


Powered by Blogger.