Tuesday, December 19, 2017

ဒေသခံတိုင်းရင်းသားများ၏ စည်းလုံးမှုအင်အားကိုထုတ်ဖော်သည့်ပွဲဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြားခွန်စံလွင်ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်












ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ လွယ်ပွတ် (ပင်းတယ၊ ရွာကြီး) အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် (၂) ဆောင်လွှဲပြောင်းပေးအပ်ပွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ဤတွင်ပြောကြားခဲ့ပါသည်။

"ယခုပွဲသည် ဒေသခံတိုင်းရင်းသား၏ တစ်စုတစ်စည်း စည်းလုံးညီညွှတ်မှုအင်အားကို ထုတ်ဖော်သည့်ပွဲဖြစ်သလို လွယ်ပွတ်ကျေးရွာသည် တစ်စုတစ်စည်းတည်းဖြစ်သည့် ( မွေတော်၊ ရေဦး၊ ရွာကြီး၊ ပင်းတယ) သည် ဒေသခံပြည်သူလူထုများ၊ အလှူရှင်များ၊ ပညာရေးဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ကျောင်ဆောင်သစ် (၂) ဆောင်ကိုသော်လည်းကောင်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ခွင့်ပြုရံပုံငွေဖြင့် တည်ဆောက်သည့် တစ်ဘက်ပိတ်ဆည်ကိုသော်လည်းကောင်း ယခုလိုတစ်ပြိုင်နက်တည်း ဆောင်ရွက်ခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ စည်းလုံးမှု၊ ကြိုးစားအားထုတ်မှု၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်စေတနာများဖြစ်သည်ဟု” ထပ်လောင်းပြောကြားခဲ့ပါသည်။

"ယခုဒေသသည် မြို့လို့သတ်မှတ်လို့ရသည့်ဒေသဖြစ်သလို ယနေ့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းဆောင်သစ်များ နှင့် တစ်ဖက်ပိတ်ဆည် ဒေသခံများနှင့်တကွ အလှူရှင်ပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်ပြီး ရွာသူရွာသားများ၏ သား/သမီး ပညာရေးတိုးမြှင့်ရန်အတွက် စေတနာရှိသောပုဂ္ဂိုလ်များ လှူဒါန်းထားသည်ဖြစ်သည်။ ယခုလိုစည်းလုံးညီညွှတ်စွာဖြင့် ပညာရေးကိုသင်ကြားနိုင်အောင် အားတက်သရော အလှူရှင်များနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်သည်ကို ၀မ်းမြောက်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ တစ်နေ့တစ်ချိန်တစ်ခါသည် မြို့များဖြစ်သလို ယနေ့သည်လည်း မြို့အဂါင်္ရပ်ပြည့်စုံသည်ဟုယူဆပြီး ယခုသည်လည်း မြို့လို့ခေါ်ဆိုပါမည်ဖြစ်ကြောင်း" ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ က ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့်က လုပ်ငန်းဆောင်ရွက်ချက်အကျဉ်းများကိုသော်လည်းကောင်း၊ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရန်သော်လည်းကောင်း၊ စေတနာအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေပေးအပ်ခြင်းသော်လည်းကောင်း၊ ဒေသခံပြည်သူများကိုယ်စား ခွန်ခင်မောင်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.