Wednesday, January 17, 2018

BEHIND the LEAF ရွက်ပုန်းသီးကော်ဖီစက်ရုံတွင် နယ်/လုံဝန်ကြီး နှင့် ဒေသဦးစီးဥက္ကဌ သွားရောက်ကြည့်ရှု့လေ့လာ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်








ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာရှိ BEHIND the LEAF ရွက်ပုန်းသီးကော်ဖီစက်ရုံတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားတန်ခွန်စံလွင် နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့သည် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်၊ နံနက် (၁၁း၀၀) အချိန်တွင် သွားရောက်ကြည့်ရှု့ခဲ့ရာ BEHIND the LEAF ရွက်ပုန်းသီးကော်ဖီစက်ရုံ မန်နေဂျင်း ဒါရိုက်တာ ဦးရွှေခိုင် က စက်ရုံနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

အဆိုပါစက်ရုံတွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ပင်လောင်းမြို့နယ်ရှိ ၀ါးရန်ရွာ၊ ပင်ခွန်ရွာ၊ ပိန္နဲကုန်းရွာ၊ ပင်ကာလရွာ၊ ၀ါလီရွာ၊ သိမ်းတောင်ဒိန်ရွာ၊ ဗောင်းရွာ ထို (၇) ရွာတို့ ထွက်ရှိသည့်သဘာဝကော်ဖီများကို ၀ယ်ယူပြီး ကုန်ချောထုတ်လုပ်ခဲ့ပါသည်။ ယခင်နှစ်သည် ကုန်ချော ကော်ဖီအလေးချိန် (၉) တန်ထွက်ရှိပြီး အမေရိကန်နိုင်ငံ နှင့် သြစတေးလျနိုင်ငံ တို့တွင် (၇) သန်တင်ပို့ရောင်းချခဲ့ပါသည်။ ကျန်ရှိသည့် (၂) တန်ကို ပြည်တွင်း၌ဖြန့်ဝေရောင်းချလျက်ရှိကြောင်း စက်ရုံမှတာဝန်ရှိသူ နန်းစိန်နွယ်ဦး က ပြောကြားခဲ့ပါသည်။ ထိုစက်ရုံအတွင်းသည်လည်း ကော်ဖီအပင်ပေါင်း (၂၅၀၁) ပင်စိုက်ပျိုးခဲ့ပြီး အခြားနေရာဒေသများတွင်လည် စိုက်ပျိုးရန်အစီအစဉ်ရှိကြောင်း၊ ကော်ဖီမှည့်အစိမ်းသည် တစ်ပိဿာ (၁၀၀၀) ထောင် ၀ယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.