Wednesday, January 17, 2018

အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်းထီဥက္ကဋ္ဌ ဖလား ကျင်းပနိုင်ရန် အကြီးတန်း ဘောလုံးပြိုင်ပွဲစည်းကမ်းချက်များ ထုတ်ပြန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက်




၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ကျောက်တလုံးကြီးမြို့ရှိ  ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ပြီးစီးပြီဖြစ်သည့် အားကစားကွင်းသစ်ကြီးတွင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်းထီဥက္ကဋ္ဌဖလား ကျင်းပနိုင်ရန် ပြိုင်ပွဲစည်းကမ်းချက်များကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါစည်းကမ်းထုတ်ပြန်ချက်တွင် မိမိပြိုင်ပွဲ ပွဲစဉ်ကို ကြိုတင်ရောက်ရှိလာရန်နှင့် (၁၅) မိနစ်ထက်နောက်ကျပါက တစ်ဖက်သားအသင်းအား (၃) ဂိုလ်း (၃) မှတ်ဖြင့် အနိုင်ပေးရမည်။ ပြိုင်ပွဲတစ်ပွဲတွင် (၃) ဦးလူအစားထိုးလဲလှယ်ခွင့်ပြုသည်။ အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်းထီ ဥက္ကဋ္ဌ ဖလား အကြီးတန်းပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်အတွင်းရှိ ဒေသခံကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသည်။ အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခမ်းထီဥက္ကဋ္ဌဖလား အကြီးတန်းပြိုင်ပွဲနှင့် ကျောက်တလုံးမြို့ အုပ်ချုပ်ရေးမှူးဖလား  အုပ်စုမဲခွဲပွဲကို (၂၅.၁.၂၀၁၈ ) ရက်နေ့တွင် ကျောက်တလုံးကြီးမြို့၊ အားကစားကွင်းသစ်ကြီး၌ နံနက် (၁၀း၀၀) အချိန်ကျင်းပမည်ဖြစ်ပြီး အသင်းအုပ်ချုပ်သူ (သို့) နည်းပြမှ မပျက်မကွက်တက်ရောက်ပေးရမည်ဟု အဆိုပါပြိုင်ပွဲစည်းကမ်းချက်များတွင် တိုက်တွန်းထားပါသည်။

ထို အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ခမ်းထီ ဥက္ကဋ္ဌဖလား အလွတ်တန်းတွင် ပထမဆုကို ကျပ် (၁၅)သိန်း၊ ဒုတိယဆုကို (၁၀) သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး  မြို့နယ်အဆင့် ဥက္ကဋ္ဌ ဖလားကို ပထမဆုကို ကျပ် (၁၅)သိန်း၊ ဒုတိယ ဆုကို ကျပ် (၁၀) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အကြီးတန်းပြိုင်ပွဲတွင် အထူးဒေသ (၆) အတွင်းရှိ ကန်တော်ကြီးဒေသ၊ သထွုံးပေးဒေသ၊ လေမော်တန်ဒေသ၊ ရန်ကင်းဒေသ၊ နောင်ဒေသ၊ အောင်ပန်းဒေသ၊ နောင်တရားဒေသ၊ ပင်လောင်းဒေသ၊ စင်းသင်း/ ကောင်ခယ်ဒေသ၊ ဟိုနမ်းဒေသ ရှိ အသင်းများ  ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီက တိုက်တွန်းနိုးဆော်ထားကြောင်း သိရှိရပါသည်။

နဂါခွန်၊ နန်းအိနြေ္ဒခမ်း
Powered by Blogger.