Wednesday, January 17, 2018

ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ဆိုင်ကယ်ပြုပြင်ခြင်းနှင့် တစ်လုံးထိုးအင်ဂျင် ပြုပြင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက်









၂၀၁၈-ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်ပေါင်းစုံဖွံ့ဖြိုးရေး (ဒဲဉ်သီ;ဗွေ)ကွင်းတွင် ခိုင်ခံ့သော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သားရွေ့ပြောင်းသွားလာမှုဧ။် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးဆက်များကို တိုးမြှင့်အောင် ပြုလုပ်ခြင်း စီမံကိန်းဧ။် ကျွမ်းကျင်မှုဆိုင်ရာ (ဆိုင်ကယ်ပြင်၊ တစ်လုံးစက်ပြင်) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး (၄)မြို့နယ်မှ သင်တန်းသား (၅၇)ဦးနှင့် သင်တန်းဆရာ/ဆရာမ(၆)ဦးတို့ဖြင့် (၁၆.၁၁.၂၀၁၇) မှ (၁၅.၁.၂၀၁၈) ရက်ထိ (၂)လကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသင်တန်းဆင်းပွဲတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်- ဦးသာတင်ညွှန့် တို့မှ အမှာစကားကို ပြောကြားခဲ့ပြီး စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူမှ သင်တန်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ သင်တန်းနည်းပြ ဦးစိုင်းမင်းဟန်မှ သင်တန်းအခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် သင်တန်းသား ခွန်ကျော်လင်းမှ သင်တန်းတွင် ရရှိသော အကျိုးကျေးဇူးများ၊ ကျေးဇူးတင်စကားများကို ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်များကို သင်းတန်းနည်းပြဆရာ ဦးစိုင်းမင်းဟန်က တောင်ကြီးမြို့နယ်မှ ခွန်ရဲအောင်၊ ဆီဆိုင်မြို့နယ်မှ ခွန်ရွှေအုပ်၊ ဟိုပုံးမြို့နယ်မှ ခွန်မောင်အေး၊ လွိုင်လင်မြို့နယ်မှ ခွန်ထွန်းစိန် တို့ထံတွင် ပေးအပ်ခဲ့ကြပြီး သင်တန်းဆရာတို့အား အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ဤအခမ်းအနားတွင် တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်သူစုစုပေါင်း(၆၈)ဦး ရှိပါသည်။ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ သက်မွေးပညာသင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုရရှိရန်၊ ဒေသတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ဒေသတွင်း လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးလာစေရန် နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဖေဖေါ်ဝါရီလဆန်းပိုင်းတွင်လည်း ယခုသင်တန်းတက်ပြီးသော သင်တန်းသားများအား လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးမည့် အစီအစဉ်ကို ထပ်မံပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယံသေ
Powered by Blogger.