Monday, January 15, 2018

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက်ပညာရေးအစီအစဉ်အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်






၂၀၁၈-ခုနှစ်၊ ဇန်န၀ါရီလ(၁၆)ရက်၊ နံနက်(၉း၃၀)အချိန်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ်အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုင်းရှန်တစ်လုံမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှလည်း အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက်Standard Chartered Bank Manager ဒေါ်အိမွန်သိန်းမှ E4E Programအကြောင်းကိုမိတ်ဆက်ပေးခဲ့ကာ ဗြိသိသျှကောင်စီမှ Director Contracts & Partnerships ဖြစ်သူ Mr. Matthew Sheaderမှ British Council `၏ Programmes များအကြောင်းကိုရှင်းလင်းပြောကြားပြီး E4E Program ၏ Documentaryပြသပေးခြင်း၊ Social Enterprise ခေါ်လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်များ၏ သဘောသဘာဝအကြောင်းကို Myanmar Business Executive မှ Vice President ဖြစ်သူ ဒေါ်လွန်းလွန်းတင်ထွန်းမှ ပြောကြားပေးကာ  British Council၏ Trainer Consultant တစ်ဦးဖြစ်သူ ဦးပြည့်ဖြိုးသန့်မှ သင်ကြားရမည့်သင်ခန်းစာအကြောင်းကို ရှင်းလင်းတင်ပြရင်း တက်ရောက်လာသူများအား အမေးအဖြေများပြုလုပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဤပညာရေးအစီအစဉ် (Education for Entrepreneurs (E4E) ၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းဦးဆောင်သူများအား မိမိတာဝန်ယူဦးဆောင်နေသော ကုမ္ပဏီ၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးနှင့် စီးပွားရေးအသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာနားလည်တတ်ကျွမ်းစေရန်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.