Tuesday, January 16, 2018

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပအိုဝ်းကျောင်းသူ/ကျောင်းသားများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိသူနှင့်လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်







ယနေ့ မွန်းလွဲပိုင်း (၂)နာရီ အချိန်တွင် ပအိုဝ်းအမျို့သားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းဝေးခန်းမတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပအိုဝ်းကျောင်းသူ/ကျောင်းသားများမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးသို့ တာဝန်ရှိသူနှင့် လာရောက်တွေ့ဆုံကြောင်း သိရှိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃)ဖြားခွန်တင်ထွဋ် က " တက္ကသိုလ်ရောက်ပြီးဆိုသည်နှင့် ရည်မှန်းချက်ထားပြီး လိုရာပန်းတိုင်ကို ရောက်အောင်ကြိုးစားသင့်ကြောင်း၊ တစ်နေ့တစ်ချိန် ကျောင်းပြီးသွားပါက သက်ဆိုင်ရာ အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ယခုကဲသို့ တွေ့ဆုံရင်းနှီးခွင့်ရသည့်အတွက် အင်မတန်ဝမ်းမြောက် ကြိုဆိုပါကြောင်း ပြောကြားပြီး ထို့နောက် ခေတ်အဆက်ဆက်ပအိုဝ်းတော်လှန်ရေးသမိုင်းကြောင်းများ၊ မိမိပအိုဝ်းလူမျိုး ငြိမ်းချမ်းရေးမယူခင်နှင့် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ကွာဟပုံများ ဖွံဖြိုးတိုးတက်လာပုံများကို ဗဟုသုတအဖြစ်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင် ဖြားခွန်ချွန်းမှ "ပညာမရှိပါက တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်မှုသည် ခေတ်နောက်ကျနိုင်သကဲ့သို့ တိုင်းပြည်တစ်ပြည်၏ အသက်သွေးကြောသည်လည်း ပညာရေးတွင် မှီခိုသက်ရောက်နေကြောင်း၊ တိုင်းသူပြည်သားများ ပညာမတတ်၊ အသိတရားဆင်ခြင်တွေးတောဥာဏ်မရှိပါက တိုင်းပြည်တိုးတက်လာနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကျောင်းသား/သူများအနေဖြင့် ပညာကိုကြိုးစားအားထုတ်စေလိုကြောင်း အားပေးအမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် နှစ်ဦးနှစ်ဖက်မှ  တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ရင်းရင်းနှီးနှီးမိတ်ဆက်၍ ကျောင်းသား/သူအဖွဲ့က မိမိတို့ လာရောက်တွေ့ဆုံရသော ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များက ထောက်ပံ့ငွေ/မတည်ငွေ အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များက စာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းပြီး ပထမဆုံးအကြိမ် ပြုလုပ်မည့် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ပအိုဝ်းမောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေး အကြံပြုခဲ့ကြောင်းသိရသည်။

နန်းတဆံထီ

Powered by Blogger.