Tuesday, January 16, 2018

ဗြိတိန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေးစီမံကိန်းများအတွက် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်








ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမတွင် Project Launching Ceremony of 5 – year Strategic Development Plan for the Pa-O Self Administrated Zone and Improving Market Opportumities for small Holder Farmers in the Pa-O Self Administrated Zone မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင် က
ပအိုဝ်းဒေသအတွင်း ပြည်သူလူထုလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေး စသည့်အရေးအရာများကို ဆောင်ရွက်ပေးရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ နှင့် အမျိုးသား/သမီး ပါဝင်၍ ကိုယ်ပိုင်ရပ်တည်နိုင်ရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူပြည်သားများ အသိပညာ ပွင်းလင်းမြင်သာ၍တိုးတက်အောင်မြင်သော အတွေးအခေါ်အယူအဆများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခု စီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး စီမံကိန်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ထို့နောက် DaNa အဖွဲ့မှ Mr Peter Brimble ၊ DFID မှ Mr Liz Patterson ၊ MIID အဖွဲ့မှ Mr Joern Kristensen တို့ က အမှာစကားပြောကြားခဲ့ပြီး Mr Peter Brimble နှင့် Mr Joern Kristensen တို့က စီမံကိန်းစာရွက်စာတမ်းများကို ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်၍ ဒေသဦးစီးအဖွဲ့နှင့် MIID အဖွဲ့တို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်ရှိ စီမံကိန်းဖေါ်နေသည့် သုခလွယ်တီကျေးရွာ နှင့် တန့်စန်းကျေးရွာရှိ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဒေသခံပြည်သူများတွေ့ဆုံပွဲ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် လ၀က ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထွန်းကြည်၊ နန်းအိနြေ္ဒခမ်း



Powered by Blogger.