Friday, January 26, 2018

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဟိုပုံးမြို့၊ ရန်​ကင်း​ကျေးရွာစာကြည့်​တိုက်​ခန်းမတွင်​ စီမံကိန်း စီမံခန့်​ခွဲမှု (PCM)သင်​တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်





၂၀၁၈ခုနှစ်​၊ ဇန်​နဝါရီလ(၂၆)ရက်​၊ နံနက်​(၉း၃၀)အချိန်​တွင်​ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဟိုပုံးမြို့၊ လွယ်​အွန့်​​ကျေးရွာအုပ်​စု၊ ရန်​ကင်း​ကျေးရွာစာကြည့်​တိုက်​ခန်းမတွင်​ စီမံကိန်းစီမံခန့်​ခွဲမှု (PCM)သင်​တန်းဖွင့်လှစ်ခဲ့​ကြောင်းသိရှိရပါသည်​။

အဆိုပါသင်တန်းကို SwissAidမှ ​ထောက်​ပံ​ကြေး​ငွေဖြင့်​လုပ်​​ဆောင်​ပြီး သင်​တန်းပို့ချရသည့်​ရည်​ရွယ်​​ချက်​မှာ "YSOအဖွဲ့အ​နေနဲ့ အဖွဲ့အစည်းသစ်​တစ်​ခု-စတင်​ဖွဲ့စည်းခြင်း)ဖြစ်​တဲ့အတွက်​ office staffများကို စီမံကိန်းများစီမံခန့်​ခွဲမှု၊ ကိုင်​တွယ်​​မှုများကို ပိုမိုတတ်​ကျွမ်း​စေရန်​ဖြစ်​ပြီး ဤ အဖွဲ့အစည်းကို ၂၈.၁.၂၀၁၇ခုနှစ်​တွင်​စတင်​ဖွဲ့စည်းခဲ့သည်​"ဟု Youth Strength Organizational (လူငယ်​ခွန်​​အားအဖွဲ့အစည်း)ဥက္ကဌ ခွန်​သားညီမှ ​ပြောကြားခဲ့ပါသည်​။

ဤသင်​တန်းကို သင်​တန်းနည်းပြအ​နေဖြင့်​ ဆရာမ ​ဒေါ်သိင်္ဂီဦးမှ သင်​ကြားပို့ချကာ သင်​တန်းကာလမှာ (၂၆.၁.၂၀၁၈မှ ၄.၂.၂၀၁၈)အထိဖြစ်​ပီး သင်​တန်းချိန်​ နံနက်​-၈း၃၀မှာ ည​နေ၄း၃၀)ဖြစ်​သည်​ဟု သိရှိရပါသည်​။ သင်​တန်းသို့ သင်​တန်းသား/သူ (၂၅)ဦးတက်​​ရောက်​​ပြီး ဤသင်​တန်းပြီးဆုံးပါက လာမည့်​​နွေရာသီတွင်​ ​ကျေးရွာများ၌ ထပ်​မံသင်​ကြားပို့ချသွားမည်​ဖြစ်​ကြောင်းကိုလည်း သိရှိရပါသည်​။

နန်းတဆံထီ
Powered by Blogger.