Thursday, January 25, 2018

နမ့်ခုတ်စံပြကျေးရွာတွင် ပဲပုတ်သိုလှောင်ရုံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၆)ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာ၊ ကေတုမတီပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်း ပါရမီဖွံဖြိုးရေးကွန်ယက် (PDN) နှင့် AVSI အဖွဲ့ပူးပေါင်း၍ အနာဂါတ်လူမှုစီးပွားဖွံ့ဖြိုးရေးစီမံချက်ဖြင့် ပဲပုတ်သိုလှောင်ရုံအဆောက်အဦးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို၂၀၁၈-ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် (၁၀း၃ဝ) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဖြားခွန်အောင်ခင်နှင့် AVSI အဖွဲ့ ကိုယ်စားလှယ်တို့က အဆောက်အဦးသစ်အတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

ထို့နောက် ဖြားခွန်စံလွင်နှင့် AVSI ကိုယ်စားလှယ်တို့က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ဖြားခွန်စံလွင်ပြောကြားရာတွင် ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို များစွာလုပ်ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဖွံဖြိုးရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပေါင်းစပ်ပြီး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရလာသည့်အခွင့်အရေးကို အစုအဖွဲ့အနေဖြင့် ဒီထက်မကအောင်မြင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလမ်းကြောင်းအရ ဖြစ်သင့်ဖြစ်ထိုက်တာကို အဖြေရှာညှိနိုင်းပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပဲပုတ်အစုအဖွဲ့အနေဖြင့် မိမိတို့လူမှုစီးပွားဘဝ ပိုမိုတိုးတက်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ AVSI အဖွဲ့၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့နှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.