Saturday, February 3, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားမောင်မယ်သစ်လွင် ကြိုဆိုနုတ်ဆက်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်





၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမူမူမြင့်နှင့် ဆရာ/မများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို)၊ ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးနည်းပညာတက္ကသိုလ်၊ တောင်ကြီးကွန်ပျုတာတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူ/သားများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးခွန်စံလွင်အမှာစကားပြောကြားရာမှာ အခု တက္ကသိုလ်တက်နေသည့် ပအိုဝ်းကျောင်းသူ/များ အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကိုယ့်ပြည်သူ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအကျိုး၊ တစ်ဖက်တစ်လမ်းအထောက်အကူဖြစ်စေရန်၊ လူ့စွမ်းအား အရင်းအမြစ်တစ်ခုဖြစ်သည့် ကိုယ်ဒေသထဲမှ ပညာရေးဌာနမှာ ဝန်ထမ်းဝင်လုပ်နေသည့် ပအိုဝ်းလူမျိုးများ နည်းနေသေးကြောင်း၊ အစိုးရဌာနဆိုင်ရာများမှာ ပအိုဝ်းလူမျိုးများ ပါဝင်မှု အားနည်းနေသေးကြောင်း၊ မိမိဒေသမှာရှိသည့် ဌာနဆိုင်ရာများကို ပူပေါင်းနိုင်မှ ပညာရေးဦးစားပေးသည့်သူအတွက် ကာကွယ် ပေးနိုင်ကြောင်း၊ ကျွန်တော်တို့အနာဂတ် အဟန့်အတား အနှောက်အယှက်တစ်ခုဖြစ်စေမည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကာကွယ်ဖို့လိုကြောင်း၊ အခုလူငယ်တော်တော်များများသည် ခံစားနိုင်သည့် ကိုယ့်ရဲ့အခွင့်အလမ်းကို ရှေ့တန်းတင်နေတာကို စိုးရိမ်နေရကြောင်း စသည့်အမှာစကားများ ပြောကြားခဲ့ပါသည်။

အဆိုပါ ပအိုဝ်းတိုင်းရင်းသားမောင်မယ်သစ်ကြိုဆိုပွဲတွင် တောင်ကြီး၊ ပင်လုံ၊ လွိုင်ကော်၊ မော်လမြိုင် တက္ကသိုလ်ကျောင်းသူ/သားများက တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များအတွက် တိုင်းရင်းသားအကနှင့် တေးသီချင်းများ ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရပါသည်။

မျင်းမိုရ်ခွန်
Powered by Blogger.