တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်
(၆၉) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မွေတော်နန်းဟောင်းကျေးရွာအုပ်စု၊ နန်းဟောင်းကျေးရွာတွင် ဘောလုံးပြိုင်ပွဲ ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ကျင်းပလျက်ရှိပါသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ နှင့် အမျိုးသမီးပြိုင်ပွဲ ထည့်သွင်းကျင်းပပြီး အမျိုးသားပြိုင်ပွဲတွင် အသင်းပေါင်း (၅၈) သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် အသင်းပေါင်း (၇) သင်းဝင်ရောက်ယှဉ်ပြိုင်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ (၁) ရက်နေ့ ၊ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့တွင် ဗိုလ်လုပွဲကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းတွင် ပအိုဝ်းအမျိုးသားဇာတ်သဘင် (သထွုံးပေးအားရဲင်) အဖွဲ့များက ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
အမျိုးသားပြိုင်ပွဲ ပထမဆုရရှိသောအသင်းသည် ကျပ် (၆)သိန်း ၊ ဒုတိယဆုသည် ကျပ် (၄) သိန်း၊ တတိယဆုသည် ကျပ် (၂) သိန်း ဖြင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အမျိုသားသမီးပြိုင်ပွဲ ပထမဆုသည် ကျပ် (၅) သိန်း၊ ဒုတိယဆုသည် ကျပ် (၃) သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယခုပွဲသည်ပထမဆုံးအကြိမ် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ယခုလိုဘောလုံးပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်ရှိ ကျေးရွာများ ၊ အားကစားဝါဿနာရှင်လူငယ်များ လာရောက်ယှဉ်ပြိုင်ကြောင်း ဒေသခံပြောကြားချက်အရသိရှိရပါသည်။
မျင့်မိုရ်းခွန်၊ နင်းအိနြေ္ဒးခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS