Wednesday, February 7, 2018

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖာမွန်းအခြေခံပညာအထက်တန်းကျောင်း စာသင်ကျောင်းဆောင် (၁) ဆောင်အား တည်ဆောက်ပေးရန်အစီအစဉ်မရှိသေးဟုသိရ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်



၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖာမွန်းအခြေခံပညာအထက်တန်းကျောင်း စာသင်ကျောင်းဆောင် (၁) ဆောင်အား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊ ဖြားခွန်သိန်းဖေ၏ ကြယ်ပွင့်မပြမေးခွန်နှင့် ပတ်သက်၍  အဆိုပါ ဖာမွန်းအခြေခံပညာအထက်တန်းကျောင်း စာသင်ကျောင်းဆောင် (၁) ဆောင်အား တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊  ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ဒုတိယ ၀န်ကြီး ၀င်းမော်ထွန်း၏  ပြန်လည်ဖြေကြားချက်တွင် သိရပါသည်။

အဆိုပါ ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ဒုတိဝန်ကြီး ၀င်းမော်ထွန်း၏ ပြန်လည်ဖြေကြားချက်တွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး)၊ BE လျာထားချက်များဆောင်ရွက်ရာတွင် အသစ်တည်ဆောက်ရန် လိုအပ်သောအခြေခံပညာကျောင်း/ ရုံးများကို အန္တရာယ်ရှိသောကျောင်းများ ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန်လိုအပ်သောကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သောကျောင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် နေရာပြောင်းရွှေ့ဆောက်လုပ်ရန် ကျောင်းများစသည်ဖြင့် လုပ်ငန်းများခွဲခြား၍ မြို့နယ်အလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး စနစ်တကျပြုစုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းစံပြကျေးရွာအခြေခံပညာအထက်တန်းကျောင်းထက် ဦးစားပေးဆောင်ရွက်ရမည့်ကျောင်းများ ရှိနေပါသဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဟု ပြန်လည်ဖြေကြားထားကြောင်းသိရသည်။

ယခုလက်ရှိတွင် အဆိုပါကျောင်းသည် ကျေးရွာအုပ်စု (၂) ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၈) ရွာမှ ကျောင်းသူ/သားများသည် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မူလတန်း (၁၈၈) ဦး၊ အလယ်တန်း (၃၀၅) ဦး၊ အထက်တန်း (၁၅၁) ဦး ၊ စုစုပေါင်း (၆၄၄) ဦး ပညာသင်ယူလျက်ရှိကြောင်း၊ ကျောင်းသား/သူများသည် နှစ်စဉ်ကျောင်းသား/သူ ဦးရေတိုးလာသည်နှင့်အညီ တစ်ဘက်တွင်လည်း စာသင်ကျောင်းဆောင်ပူးတွဲလိုအပ်ချက်များရှိနေကြောင်း သိရပါသည်။

နဂါခွန်၊ နန်းအိနြေ္ဒခမ်း
Powered by Blogger.