Thursday, February 8, 2018

ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN) တွဲလက်စီမံကိန်းရုံးမှ ကျေးရွာသူ/သားများနှင့်လက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်


အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT)၏ ထောက်ပံ့မှုဖြင့် “ ခိုင်ခံ့သော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သားရွှေ့ပြောင်းသွားလာမှု၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးဆက်များကို တိုးမြှင့်အောင် ပြုလုပ်ခြင်း (တွဲလက်)” စီမံကိန်းရုံးသို့ ရွှေ့ပြောင်းသွားလာခြင်းမပြုမှီ လုံခြုံစွာရွေ့ပြောင်းသွားလာခြင်း သင်တန်းပြုလုပ်ပြီးသည့် နောင်ထောဝ်ကျေးရွာ၊ မောက်မယ်မြို့နယ်မှ ဆီဆိုင်မြို့နယ်တွင်းသို့ ရွှေ့ပြောင်းနေထိုင်ကြသော သင်တန်းရရှိပြီးသူနှင့် သင်တန်း၏သတင်းအချက်အလက် ကြားသိသောရွှေ့ပြောင်းသွားလာရန် အလားအလာရှိသူများ သည် ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်ပိုင်း(၁၀)နာရီအချိန်တွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် တွဲလက်စီမံကိန်းရုံး၌ ထိုင်းနိုင်ငံသို့ တရားဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နိုင်ရန်အတွက် အချိတ်အဆက်ပြုလုပ်ရမည့် သတင်းအချက်အလက် များကို လာရောက်အကြံအဥာဏ်များရယူကာ တွဲလက်စီမံကိန်းရုံးမှ စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူနှင့် ရုံးအဖွဲ့ဝင်များ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

“အချို့ကျေးရွာသူ/သားများသည် သတင်းအချက်အလက်ရရှိမှုအားနည်းမှုများကြောင့် အိမ်ထောင်စုဇယားမူရင်း မရှိခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်လှဲလှယ်ထားမှုမရှိခြင်းကြောင့် Passport ပြုလုပ်ရာတွင် ကုန်ကျစရိတ်ပိုကုန်ပြီး အချို့ကျေးရွာသူ/သားများသည် အိမ်ထောင်စုဇယားပြန်လည်ပြုလုပ်ရမှုများကိုလည်း ကြုံတွေ့ရပါ သည်ဟု” စီမံကိန်းမန်နေဂျာနန်းသင်းသင်းဖြူမှ ပြောကြားခဲ့ပါသည်။

အလုပ်သမားရုံးမှ အလုပ်သမားကဒ်လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားမိတ္တူများ၊ ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူများနှင့် လုပ်ကိုင်လိုသည့်အလုပ်အကိုင်အမျိုးအစားများလိုအပ်ကြောင်း သိရှိရပါသည်။ အလယ်တန်းအဆင့်အထိပညာသင်ယူသူများအနေဖြင့် အောင်လက်မှတ်များ မလိုအပ်ကြောင်း သိရှိရပါသည်။

ပတ်စပို့စ် ပြုလုပ်ရာတွင်လည်း မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမူရင်းနှင့် ပြည်ပအလုပ်သမားကဒ်များလိုအပ် ကြောင်းသိရှိရပါသည်။ ထို့နောက် ပါရမီဖွံ့ဖြိုးရေးကွန်ယက် တွဲလက်စီမံကိန်းရုံးမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရန်အလားအလာရှိသော ကျေးရွာသူ/သားများကို အလုပ်သမားမှတ်ပုံတင်နှင့် အလုပ်အကိုင်ရှာဖွေချိတ်ဆက်ရေးရုံး၊ ပတ်စပို့စ်ရုံးများသို့ သွားရောက်ပြီး ချိတ်ဆက်မှုများပြုလုပ်ပေးခဲ့သည်ဟုသိရှိရပါသည်။
ပါရမီဖွံ့ဖြိုးရေးကွန်ယက်တွဲလက်စီမံကိန်းရုံးသို့ နောင်ထောဝ်ကျေးရွာနှင့် မောက်မယ်မြို့နယ်မှ ဆီဆိုင်မြို့နယ် တွင်းသို့ ရွှေ့ပြောင်းနေထိုင်ကြသော ကျေးရွာသူ/သားများ (၁၂)ဦးလာရောက်တွေ့ဆုံပြီး အကြံအဥာဏ်နှင့် အကူအညီ များ ရယူခဲ့ကြောင်းသိရှိရပါသည်။

နေဇော်






Powered by Blogger.