တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်
(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးဆောင်ပြီး Piti Teacher Network နှင့် KJG Education Centre တို့ပူးပေါင်း၍ Job Readiness Training နှင့် Professional Development သင်တန်းကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူငယ်များလုပ်ငန်းခွင့်ဝင်ရောက်ရန် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ လိုအပ်သည့် စွမ်းဆောင်ရည်များကို ကြိုတင်ပြင်ဆင်နိုင်စေရန်၊ အစိုးရ၏လုပ်ငန်းများကို သိရှိစေရန်၊ အစိုးရဌာနနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန်၊ လူငယ်အချင်းချင်း ခင်မင်ရင်းနှီးမှုရှိစေရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမိုအားကောင်းစေရန်၊ လူငယ်များ ရှင်းလင်းပြတ်သားသော ပန်းတိုင်များ ချမှတ်နိုင်စေရန် ရည်ရွယ်ပြီးပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် သင်တန်းသား၊ သင်းတန်းသူ (၆၇)ယောက်ရှိပြီး သင်တန်းဆရာ(၄) ဦး ဆရာခွန်ကြည် KJG Education Centre ၊ ဆရာခွန်ကျော်ခိုင် (အလုပ်အမှုဆောင်ပီတိဆရာကွန်ယက်)၊ ဆရာခွန်ဇော်ဇော်ထွန်း (အလုပ်အမှုဆောင် ပီတိဆရာကွန်ယက်) နှင့် ဆရာမဒေါ်ဧပရယ်စိုး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးမြို့တို့က သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
ခွန်ယံသေ
Like On Facebook
Follow On Twitter
Subscribe On RSS