Wednesday, March 14, 2018

တောင်ကြီးမြို့နယ် ပေါမူကျေးရွာအုပ်စုအတွင်းရှိ ပေါမူဈေးနှင့်ရပ်ရွာဒေသ ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်လာစေရန် ပေါမူဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်







တောင်ကြီးမြို့နယ် ပေါမူကျေးရွာအုပ်စုအတွင်းရှိ ပေါမူဈေးနှင့်ရပ်ရွာဒေသ ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်လာစေရန် တပေါင်းလဆုတ်(၁၃)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီအချိန်တွင် ပေါမူဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အခမ်း အနား ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မျင်မိုရ်ခမ်းတိုင်းမှူး ဖြားဆရာခေါင်နှင့်ပေါမူကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခွန်မောင်ကု၊ ပေါမူကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံတော်အလံ နှင့်ပအိုဝ်းအမျိုးသားအလံအား အလေးပြုခဲ့ကြပါသည်။

ထို့နောက် မျင်မိုရ်ခမ်းတိုင်းမှူး ဖြားဆရာခေါင်မှ အဖွင့်အမှာစကားပြောကြားပေးရာမှာ “ဘောလုံးအားကစား ထားရခြင်းသည် လူငယ်များ၏ အရင်းအမြစ်များ အကျင့်စရိတ္တများ မပျက်မစီးစေရန် တစ်ရွာနှင့်တစ်ရွာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ခင်ရင်းနှီးလာစေရန် လူငယ်များအချင်းချင်း စည်းလုံးညီညွတ်မှု အားကောင်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများလည်း ကောင်းကောင်းမွန်မွန် အားကစားစိတ်ဓာတ်ကို အခြေခံ၍ ကစားကြရန်လိုအပ်ကြောင်း” ပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဒု-ဥက္ကဋ္ဌ ဖြားခွန်မင်းကျော်က “ဘောလုံးအားကစားကို နည်းစနစ်ကျကျ ကစားကြဖို့ ဘောလုံးအားကစားနည်းပညာများကိုလည်း ဒဲဉ်သီးဗွေကွင်းတွင်သော်လည်း ကောင်း အဖွဲ့အစည်းအနေဖြင့်သော်လည်း သင်ကြာင်းပေးလျက်ရှိပါသည် ဘုရားမှာသာသနာ လူမှာခေတ် ဆိုသလို ယခုခေတ်ဟာ ဘောလုံးအားကစားကို စိတ်ဝင်စားလာကြသည်နှင့်အမျှ ပအိုဝ်းလူငယ်များ အားလုံး ကလည်း ဘောလုံးဝါသနာပါကြသူတွေများပြားလျက်ရှိပါသည်။ ဘောလုံးအားကစားကို နည်းလမ်းမှန်မှန် ကန်ကန်ဖြင့် ကစားကြဖို့ လိုအပ်ကြောင်း” တိုက်တွန်းအားပေးစကားပြောကြားပေးခဲ့ပြီး ထို့နောက် ရန်ကင်းမြို့နယ် ဥက္ကဋ္ဌ ဖြားခွန်ဝင်းစိန်နှင့် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကောမတီ ဖြားခွန်ထွန်းဇံ တို့က အမှာစကားပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနေ့တွင် ဖဉ်းမွိုတ်သွစွို့အသင်းနှင့် ပင်ငိုအသင်း ယှဉ်ပြိုင်ကစား ခဲ့ကြရာ (၂-၂)နှစ်ဂိုးစီ သရေခဲ့ကြပြီး ထိုပေါမူဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲမှာ အမျိုသားအားကစား (၇၆)သင်း၊ အမျိုးသမီးအားကစား(၆)သင်း စုစုပေါင်း(၈၂)သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။

ခွန်ဆန်းအောင်


Powered by Blogger.