Friday, March 23, 2018

တောင်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့(ရုံးသစ်)အဆောက်အဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ(၂၃)ရက်









ယနေ့၂၀၁၈-ခုနှစ်၊ မတ်လ(၂၃)ရက်၊ မနက်(၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ (ရုံးသစ်)အဆောက်အဦးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရရှိပါသည်။

အခမ်းအနားကို ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး Dr.အောင်သန်းမောင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦဂူဆာ၊ အာခါတိုင်းရင်သားရေးရာဝန်ကြီး ဦးအာဗေလနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာထွန်းလှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့(ရုံးသစ်)ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တပြိုင်နက် မှတ်တမ်းတင်ဓာတ်ပုံအား ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ (ရုံးသစ်)အဆောက်အဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရံပုံငွေကျပ်သန်းပေါင်း(၆၁၀၀)ဖြင့် Great Horizone Co. Ltdမှ တာဝန်ယူဆောက်လုပ်သည်ဖြစ်ကြောင်း၊ ကျွန်တော်အပါအဝင် ဝန်ကြီးများ၊ အရာဝန်ထမ်းများ၊ အမှုထမ်းများအနေဖြင့် ဒီအဆောက်အဦးအရိပ်ကိုခိုလှုံပြီး ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို တာဝန်သိသိ၊ အနှစ်သာရရှိရှိဖြင့် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းလာတဲ့အတွက် ပြည်နယ်ရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးစသည့် ကဏ္ဍများကို အစိုးရနှင်ပြည်သူ လက်တွဲညီညီပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ယခုအစိုးရရုံးသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ရုံးသစ်ကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားကြပြီး ရုံးသစ်ကြီး သန့်ရှင်းသာယာလှပရေး၊ ရုံးသစ်ကြီး၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဆောင်ရွက်သွားကြရန်တိုက်တွန်းလိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အား အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပြည်သူနှင့် အတူလက်တွဲ၍ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အဆောက်အဦးသစ်လုပ်ငန်းဆောင်ရွက်မှုအား Video Clipဖြင့်ပြသပေးခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်(၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.