ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာနနှင့် TJLS တို့ပူးပေါင်း၍ ဂျပန်ဘာသာစကားသင်ကြားခြင်းနှင့် ဂျပန်နိုင်ငံရှိ WILLTEC Co.,Ltd. အလုပ်အကိုင်အခွင့်အလမ်း မိတ်ဆက်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက် (၁၀း၀၀ မှ ၁၂း၀၀) အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါမိတ်ဆက်ပွဲကို ဂျပန်ဘာသာစကားအခြေခံ၍ ပြည်တွင်းပြည်ပရှိ ဂျပန်ကုမ္ပဏီများတွင် ၀င်ရောက် အလုပ်လုပ်ကိုင်လိုသော လူငယ်များအတွက် အထူးရည်ရွယ်ချက်နှင့် အခြားသော ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
မိတ်ဆက်ပွဲတွင် ဂျပန်ဘာသာစကားသင်ကြားပေးခြင်းဆိုင်ရာနှင့် ဂျပန်နိုင်ငံသို့ သက်မွေးပညာသင်ယူလေ့လာရေးဆိုင်ရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများကို သိရှိနိုင်မည်။ ဂျပန်ဘာသာစကားသင်ယူရေး၊ ဂျပန်နိုင်ငံတွင် သက်မွေးပညာသင်ယူရင်း အလုပ်အကိုင်ကိုပါ လုပ်ကိုင်ရန် စိတ်ဝင်စားသူ အထက်တန်းအောင်မြင်ထားသူများ၊ ဘွဲ့ရလူငယ်များ တက်ရောက်နိုင်ရန် အသိပေးဖိတ်ကြားအပ်ပါသည်။ အသေးစိပ် သိရှိလိုသည်များကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင် 09-401622932 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြည်သူ့ဆက်ဆံရေးဌာန


Like On Facebook
Follow On Twitter
Subscribe On RSS