Saturday, March 31, 2018

ကြက်သွန်ဖြူ လေ့လာဆည်းပူးကွက် သရုပ်ပြရှင်းလင်းပွဲ ကျင်းပခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်






၂၀၁၈-ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ တွင်ကနေဒါနိုင်ငံ အစိုးရနှင့် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် MEDA အဖွဲ့နှင့် ပါရမီ ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အမျိုးသမီးမ
ျားအတွက် ဈေးကွက်အခွင့်အလမ်းဆိုင်ရာ တိုးတက်ရရှိရေးစီမံကိန်းမှ ကြက်သွန်ဖြူ လေ့လာဆည်းပူးကွက် သရုပ်ပြရှင်းလင်းပွဲကို တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် နမ့်ဗေးကျေးရွာ ရွာသူကြီး ဦးငွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာတွင် စိုက်ပျိုးရေနှင့် ပတ်သက်သည့် လုပ်ငန်းများ လာရောက်ပံ့ပိုးပေးခြင်းသည် မိမိဒေသအတွက် အကျိုးရှိ ကျေနပ်ပိတိဖြစ်ကာ ပါဝင်သူများအနေဖြင့် အချင်းချင်း စည်းစည်းလုံးလုံး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်ခဲ့ပြီး၊  ထို့နောက် အမျိုးသမီးတောင်သူအဖွဲ့မှ ကြက်သွန်ဖြူလေ့လာဆည်းပူးကွက်တွင် ပင်ကြား တန်းကြား စနစ်နှင့် မြေသြဇာများ စနစ်တကျ  အသုံးပြုထားသော လေ့လာဆည်းပူးကွက်တွင် အခမ်းအနား တက်ရောက်သူများအားလုံးမှ လည့်လည် ကြည့်ရှုခဲ့ကြောင်း၊ ပါရမီ ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ အတွင်းရေးမှူး ခွန်ချစ်ဦးမှ ပါရမီ ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ ဖွဲ့စည်းလာရခြင်း၏ ရည်ရွယ်ချက်များနှင့်
လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများမှ စိုက်ပျိုးရေးကဏ္ဍတွင် လက်ရှိ အကောင်အထည်ဖော်နေသော အမျိုးသမီးများအတွက် ဈေးကွက်အခွင့်အလမ်းဆိုင်ရာ တိုးတက်ရရှိရေး စီမံကိန်း ၏ ဒုတိယနှစ်ကာလအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ပြန်လည်သုံးသပ်ချက်များကိုလည်းကောင်း၊ လာမည့် တတိယနှစ် စီမံကိန်းနှစ်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသော်လည်းကောင်း၊ လာမည့်အနာဂတ်တွင် ဖွင့်လှစ်မည့် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းများဖြစ်သည့် (၁) အလှပြင်သင်တန်း၊ (၂) ဆံပင်ညပ် သင်တန်း၊ (၃) မုန့်ဖုတ်သင်တန်း (၄) စက်ပြင်သင်တန်း (၅) ဖုန်းပြုပြင်ခြင်းသင်တန်း (၆) အင်္ဂလိပ်နှင့် ကွန်ပျူတာသင်တန်း
(၇) စက်ချုပ်သင်တန်း (၈) စာရင်းကိုင်သင်တန်း နှင့် (၉) စားဖိုမှူးသင်တန်းတို့အား စိတ်ဝင်စားသည့် လူငယ်မောင်မယ်များ အတွက် အခွင့်အလမ်းတစ်ခုအနေဖြင့် ရယူထားကြရန်၊ ရှေ့ဆက်လုပ်ဆောင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း မိဘပြည်သူများအနေဖြင့် အားလုံးအတူ လက်တွဲလုပ်ဆောင်ကြရန် ပြောကြားခဲ့ကာ၊ လေ့လာဆည်းပူးကွက် ကွင်းသရုပ်ပြရှင်းလင်းခြင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ကျေးရွာပံ့ပိုးသူ နန်းမြစိန်မှသော်လည်းကောင်း၊ လေ့လာဆည်းပူးကွက်တွင် ရရှိခဲ့သော လေ့လာမှုများနှင့် နည်းစနစ်များအကြောင်းကို အမျိုးသမီးအဖွဲ့ခေါင်းဆောင် နန်းဒွေါင်မှသော်လည်းကောင်း၊ စီမံကိန်းတွင် ပူးပေါင်းပါဝင်ရခြင်း၏ အပေါ် ရရှိသော အကျိုးကျေးဇူးများကို တောင်သူအမျိုးသမီးခေါင်းဆောင် နန်းဖြိန်းမှ မျှဝေကာ အခမ်းအနားကို နေ့လည် (၁၂း၃၀) အချိန်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။

အမျိုးသမီးများအတွက် ဈေးကွက်အခွင့်အလမ်းဆိုင်ရာ တိုးတက်ရရှိရေးစီမံကိန်းကို လာမည့်နှစ်တွင် ကျေးရွာ (၂၁)ရွာ ထပ်မံတိုးချဲ့ကာ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းချူးကဗျာ
Powered by Blogger.