Friday, March 2, 2018

ပအိုဝ်းအမျိုးသားနေ့ ဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော အနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းစာ/ယဉ်အဖွဲ့နှင့် မိဘပြည်သူ မောင်မယ်များအား ကျေးဇူးတင်ရှိကြောင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၃) ရက်



ပအိုဝ်းအမျိုးသားနေ့ကို ပြုလုပ်ရခြင်းမှာ မိမိတို့လူမျိုးကို ပြန်လည်အောက်မေ့မှတ်တမ်းတင်ရန်၊ မိမိတို့၏ ဘာသာသာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာများကို မြတ်နှိုးတန်ဖိုးထားရန်နှင့် မျိုးချစ်စိတ်ပိုမိုထက်သန်စေရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပရခြင်း ဖြစ်သောကြောင့် မိမိတို့ပအိုဝ်းလူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့ကို စွမ်းစွမ်းတမံ ပြုလုပ်ကျင်းပပေးခဲ့ကြပါသော ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေ၊  ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နိုင်ငံရပ်ခြားရှိ  ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန်နှင့် သီရိလင်္ကာရှိ ပအိုဝ်းလူမျိုးများအားလုံးကို အထူးပင် ကျေးဇူးတင် ဂုဏ်ယူမှတ်တင်အပ်ပါသည်။

ပအိုဝ်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ(ဗဟို)
                    တောင်ကြီး


Powered by Blogger.