Wednesday, April 11, 2018

၂၀၁၈-ခုနှစ်၊ ပထမအကြိမ် ပေါမူဒေသဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသ္မီး အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီ (၁၁)ရက်





 


အထူးဒေသ(၆) ပေါမူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု ပေါမူဒေသဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့်ဗိုလ်လုပွဲကို (၁၁-၄-၂၀၁၈) ရက်နေ့ ၊ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ပိတ်ပွဲတွင် တတိယလုပြိုင်ပွဲအဖြစ် ပေါမူ (ခ)အသင်းနှင့် ခမ်းကောင်ရွေ,အသင်းတို့ယှဉ်ပြိုင်ကစားရာ ပေါမူ(ခ) အသင်းက ခမ်းကောင်ရွေ,အသင်းကို (၂-ဝ) ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပြိုင်ပွဲတွင် မဲသောစဲဉ်; (က) နှင့် စွိုးခွို,အာ;ရဲင်,(၉) တို့ ၁း၀၀နာရီ အချိန်တွင်ယှဉ်ပြိုင်ကစားရာ (၁)-ဂိုးစီသရေကျပြီးနောက် မဲသောစဲဉ်; (က) အသင်းက စွိုးခွို,အာ;ရဲင်,(၉) အသင်းကို ပင်နယ်တီအဆုံးအဖြတ်နှင့် (၅-၄)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲပြီး အမျိုးသမီးပြိုင်ပွဲအနေဖြင့် လွယ်ခမ်းအသင်းနှင့် ပအိုဝ်းမူ;အာ;ရဲင်,တို့ ယှဉ်ပြိုင်ကစားရာ လွယ်ခမ်းအမျိုးသမီးအသင်းက ပအိုဝ်းမူ;အာ;ရဲင်,အသင်းကို (၂-၀) ဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့ကြကြောင်း သတင်းရရှိပါသည်။

အမျိုးသားအသင်း ပထမဆုကို (၇)သိန်း၊  ဒုတိယဆု (၅)သိန်း၊ တတိယဆု(၃)သိန်း၊ နှစ်သိမ့်ဆုကို (၁)သိန်းစီ ချီးမြှင့်ပြီး အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု (၅)သိန်း၊ ဒုတိယဆု (၃)သိန်းစီချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ပိတ်ပွဲနေ့တွင် မျင်,မိုရ်;ခမ်း ခမ်းဗွေ; ဖြားဆရာခေါင် အထူးဒေသ(၆)ရန်ကင်းမြို့နယ် ဥက္ကဋ္ဌဆရာခွန်ဝင်းစိန် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဦးခွန်ရာမ ပအိုဝ်းအမျိုးသမီးအဖွဲ့မွိုးဟွမ်နှင့်အဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများ စည်ကားစွာဖြင့် တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးအဖွဲ့က တာဝန်ယူကြီးကြပ်၍ ပြုလုပ်ကျင်းပသော ပထမအကြိမ် ပေါမူဒေသ ဥက္ကဋ္ဌဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အကြီးတန်းအသင်းက (၇၆)သင်း၊ အမျိုးသမီးအသင်းက (၁၁)သင်းစီပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆုရအသင်းနှင့် အကောင်းဆုံးဆုရ အားကစားသမားများကို ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိပုဂ္ဂိုလ်များက ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.