ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးနှင့် မိုင်းပန်မြို့နယ်ရုံးမှ တာဝန်ရှိသူများ ဒေသ ဖွံ့ဖြိုးရေးနှင့် ဘိန်းအစားထိုးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ - ခုနှစ်၊ ဧပြီလ(၃၀)ရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
ကွင်းဆင်းလေ့လာရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ တောင်ကြီးမြို့၊ လွှတ်တော်ရေးရာဌာနမှ ခွန်အောင်နိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ခွန်မောင်ဗွိုင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မြို့နယ်ရုံးတာဝန်ခံနှင့် ခွန်ဝေါ အုပ်ချုပ်ရေးမှူး၊ နားမွန်း ကျေးရွာအုပ်စုတို့ ဦးဆောင်သည့်အဖွဲ့သည် မိုင်းပန်မြို့နယ်၊ ကောင်တန်ပင်ပီးဒေသနေ မိဘပြည်သူများ ကိုယ်စား ဒေသဖွံ့ဖြိုးရေးနှင့် ဘိန်းအစားထိုး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အောင်မြင်နေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်၊ နောင်တရားမြို့နယ်ခွဲ၊ နောင်ပီကျေးရွာအုပ်စု၊ ဗောင်းကျေးရွာရှိ ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားသည့် (ထောပတ်၊ သရက်၊ လက်ဖက်၊ သစ်တော်သီး၊ လိမ္မော်၊ ကော်ဖီ၊ သညင်း) စသည့်သီးညပ်စိုက်ပျိုးသည့် စနစ်အား မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိချိန်တွင် အတုယူနိုင်ရန်နှင့် ဒေသနှင့် ကိုက်ညီသင့်လျော်သည့် အပင်အမျိုးအစားများ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။
ခွန်နောင်နောင်
Like On Facebook
Follow On Twitter
Subscribe On RSS